(၁၇)

32.8K 4.4K 571
                                    

လွန်းမောင်သည် သူ့အား ကျောခိုင်းသွားလေသည့် မြတင့်၏ အနှီကျောပြင်ငယ်လေးအား နာကျင်စွာဖြင့် ရပ်တန့်ငေးမောကြည့်နေခဲ့သည်။

မြတင့်သည် သူ့ထံသို့ သေချာပေါက်ပြန်လာခဲ့သည်။ သို့ရာတွင် သူသိသော မြတင့်အစစ်မဟုတ်ပါတော့ချေ။

လွန်းမောင်သည် မြတင့်အား တတ်နိုင်သမျှ အကောင်းဆုံး ချစ်ပေးချင်သည်။ ယုယပေးချင်သည်။ ထွေးပွေ့ပေးချင်သည်။ သူ မြတင့်အပေါ်ဝယ် ပြုခဲ့သမျှသော အပြစ်အထုံထုံကို အချစ်များ လျှံပယ်စွာ ပေးခြင်းအားဖြင့် အပြစ်ကြွေးဆပ်ချင်လှသည်။

လွန်းမောင်သည် မြတင့်၏ ရိုးအလှသော နှလုံးသားငယ်လေးအား ရက်စက်စွာ သတ်ဖြတ်ခဲ့မိသည်။ သူသည် မြတင့်အပေါ်ဝယ် ကြီးမားလှစွာသော အမှားကြီးတစ်ခု ကျူးလွန်ခဲ့မိသည်။

လွန်းမောင်သည် မြတင့်၏ ခွင့်လွှတ်ပေးမှုအား အတ္တကြီးစွာဖြင့် မျှော်လင့်နေမိသေးသည်။ သို့ရာတွင် အနှီခွင့်လွှတ်မှုအား မြတင့်ထံမှ မတောင်းဆိုဝံ့ပါချေ။ အကယ်၍ လွန်းမောင်သာ တောင်းဆိုခဲ့ပါလျှင် မြတင့်သည် သေချာပေါက် ခွင့်လွှတ်ပေးဦးမည်သာ ဖြစ်သည်။

တကယ်ဆိုလျှင် မြတင့်သည် သူ့အား အပြစ်တင်စကား ဆိုပစ်လိုက်သင့်သည်ဟု လွန်းမောင် ထင်နေမိသည်။ မောင်ဟာ လူဆိုးပဲဟူ၍ ပြောကာ အမုန်းစကား ဆိုပစ်သင့်သည်။ မောင့်ကို မုန်းသည်ဟု ဆိုသင့်ပါ၏။ သို့ပါသော်ငြား မြတင့်သည် သူ့အား မမုန်းပါဘူးဟူ၍သာ ဆိုမြဲ ဆိုနေပါ၏။

မြတင့်ဟာ သူ့အား ညှဥ်းဆဲကာ ရက်ရက်စက်စက်အပြစ်ပေးနေခြင်းပေလားဟူ၍ပင် လွန်းမောင် တွေးနေမိပါ၏။

လွန်းမောင်သည် သူ့ကိုယ်သူ လူဆိုးတစ်ယောက်မှန်း သေချာသိပါ၏။ လွန်းမောင်သည် သူ့အမှားသူ ပြန်လည်ပြင်ဆင်ရန် ကြိုးစားနေမိသည်။ သို့ရာတွင်မူ မြတင့်သည် သူ့အား လက်ကလေးကိုပင် ကိုင်ခွင့်မပြုပါတော့ချေ။

လွန်းမောင်ကား အဘယ်ပုံမျိုးဖြင့် သူ၏ အပြစ်ကြွေးကို ပြန်ဆပ်ရမည်နည်း။ လွန်းမောင်သည် မြတင့်၏ နှလုံးသားငယ်ကိုသာ သတ်ပစ်ခဲ့သည်မဟုတ်။ သူကိုယ်တိုင်၏ နှလုံးသားငယ်ကိုလည်း သတ်ပစ်ခဲ့မိသည်။ ယခုအခါတွင် သူတို့ နှစ်ဦးသား၏ နှလုံးသားငယ်တို့သည် ဒဏ်ရာများဖြင့် ပြည့်နှက်နေခဲ့၍ ခုန်လှုပ်ဖို့ကိုပင် မစွမ်းဆောင်နိုင်တော့ပါချေ။

မြတင့်Where stories live. Discover now