ဧည့်ခန်းထဲတွင် ဉီးညွှန့်သည် ဆေးတံအိုးကို ကိုက်ကာ ရှိုက်ဖွာနေ၏။ လွန်းမောင်သည် ဉီးညွှန့်နှင့်မျက်နှာချင်းဆိုင်တွင် ထိုင်နေသည်။"အဖေ ဒီကိစ္စကိုသာ အရေးပိုင်မင်းသိသွားရင် မလွယ်ဘူးနော် သေချာပြန်စဉ်းစားပါဦး"
ဉီးညွှန့်သည် ဆေးတံအိုးကို လက်ထဲထည့်ကိုင်လိုက်ပြီးနောက် စားပွဲပေါ်ရှိ လက်ဖက်ရည်ကြမ်းတစ်ခွက်ကို ယူသောက်လိုက်သည်။
"ဒီမယ် သား ဒီကိစ္စသာ အောင်မြင်သွားရင် အဖေတို့ ဒီထက် ပိုချမ်းသာလာမှာ အဖေက သားတို့ကို တင့်တောင့်တင့်တယ် ထားပေးချင်တာ"
လွန်းမောင်သည် ဉီးညွန့်အား ဘယ်လိုမှနားချ၍ မရနိုင်တော့ပါချေ။
ဉီးညွန့်သည် ရှမ်းပြည်ဘက်မှ ကျွန်းသစ်များကို ရန်ကုန်သို့ တရားမဝင်တင်ပို့ရောင်းချရန် ကြံစည်နေခြင်းဖြစ်သည်။
ဤခေတ်ဤအခါတွင် ကျွန်းသစ်ကို တစ်လက်မစာလောက်လေး လက်ဝယ်တွေ့ရှိလျှင်ပင် သေချာပေါက် အပြစ်ပေးခံရမည်သာဖြစ်၏။
ဉီးညွန့်ကဲ့သို့ တန်ချိန်နှင့်ချီ၍ မှောင်ခိုရောင်းချမည်ကို မိသွားပါက အကျိုးဆက်သည် မတွေးဝံ့စရာပင်။ အရေးပိုင်မင်း ကိုလှသောင်သည် ရက်စက်ကြမ်းကြုတ်လှသောသူ ဖြစ်သောကြောင့် မီးလောင်ရာလေပင့် လုပ်မည်သာဖြစ်၏။
ဤကိစ္စသာ ဗြိတိသျှဘုရင်ခံနားထဲသို့ ရောက်သွားသည်ရှိသော်...ပြောဖွယ်ရာပင် မလိုအပ်ပါတော့ချေ။
သို့ရာတွင် အောင်မြင်ခဲ့သည် ရှိသော် လွန်းမောင်တို့မိသားစု တစ်သက်စားမကုန်နိုင်လောက်သော စည်းစိမ်ဥစ္စာကို ပိုင်ဆိုင်ရမည်သာ။ ထို့ကြောင့် ဉီးညွန့်ကဲ့သို့သော လူစားမျိုးသည် ဤအခွင့်အရေးကို သေချာပေါက် လက်လွှတ်ခံမည်မဟုတ်ပါချေ။
သို့နှင့် လွန်းမောင်သည် ဉီးညွှန့်နှင့်အတူ ရှမ်းပြည်ဘက်သို့ သစ်သွားကြည့်ရန် လိုက်ပါသွားရ၏။ ရုတ်တရက်မို့ မြတင့်အား နှုတ်ဆက်ချိန်ပင် မရရှိခဲ့ပါချေ။
မထားမေသည် လွန်းမောင်တို့သားအဖ အိမ်မှာ မရှိသည်နှင့် အပြင်ထွက်ရန်ပြင်တော့သည်။
YOU ARE READING
မြတင့်
Historical FictionUnicode ၁၉၄၀ခုနှစ်လောက်က ဇာတ်လမ်းတစ်ပုဒ်။ မိန်းမအဝတ်အစား၊ မျက်နှာချေမှုန့်၊ နှုတ်ခမ်းနီရဲရဲတို့ကို နှစ်ခြိုက်ခဲ့သော ယောကျ်ားပျိုတစ်ယောက်၏ အမည်ကား မြတင့်။ မြတင့်က ကြမ်းတမ်းပြတ်သားသော်ငြား အချစ်နှင့်ပတ်သက်လျှင် နူးညံ့ကာ ဝေခွဲမရဖြစ်နေတတ်သည်။ မြတင့်သည်...