ဉီးညွှန်နှင့်လွန်းမောင်သည် ရှမ်းပြည်ရှိ ကျွန်းသစ်များကို သွားရောက်ကြည့်ရှု့စစ်ဆေးပြီးနောက် ရန်ကုန်သို့ မှောင်ခိုတင်သွင်းရန် စီစဉ်ခဲ့ကြသည်။ အားလုံးပြင်ဆင်ပြီးသည့်နောက်တွင် မန္တလေးသို့ ပြန်လာခဲ့ကြသည်။လွန်းမောင် အိမ်ပြန်ရောက်သည်နှင့် ဒေါ်စိန်သည် ဝုန်းဒိုင်းကြဲတော့သည်။ မထားမေနှင့် ဦးညွန့်ကမူ ပွဲကြည့်ပရိတ်သတ်အနေနှင့်သာ ကြည့်နေခဲ့သည်။ မထားမေသည် မြတင့်အား ဒေါ်စိန်မြင်သကဲ့ မမြင်နိုင်ပါ။ မမြင်ရက်ပါချေ။
မြတင့်က ဘာတွေများ ချို့ယွင်းနေပါသနည်း။
ဦးညွန့်ကမူ အခြေအနေကို စောင့်ကြည့်နေခဲ့ရုံသာဖြစ်သည်။ ဦးညွန့်သည်လည်း သိပ်သဘောကျဟန်မရှိသော်ငြား ဒေါ်စိန်ကဲ့သို့ ခါးခါးသီးသီးဖြစ်မနေခဲ့ပါချေ။ ဆေးတံအိုးကိုသာ သောက်ရင်းဖြင့် အခြေအနေကို ကြည့်နေခဲ့သည်။
"သားနဲ့ တစ်ဖက်ခြံက မြတင့်တို့အကြောင်းကို အမေ သိထားတယ်"
ဒေါ်စိန်သည် အေးဆေးတည်ငြိမ်စွာပြော၏။ ဒေါ်စိန်သည် အိန္ဒြကြေီးမားသူဖြစ်သည့်အားလျော်စွာ အော်ကြီးဟစ်ကျယ်ပြောနေမည်မဟုတ်ပေ။ ဤကိစ္စမှာလည်း အော်ကြီးဟစ်ကျယ်ပြောပစ်လိုက်ပါရန် လွန်စွာရှက်စရာကောင်းလွန်းလှသည်ဟု ထင်နေသောကြောင့်လည်းပါမည်။
လွန်းမောင်သည် ရုတ်တရက် အံ့အားသင့်သွားသော်ငြား တည်ငြိမ်လျက်ပင် ဒေါ်စိန်အား ဘာမှပြန်မပြောလိုက်ပါချေ။
"သားရယ် အဲ့ဒီမြတင့်ဆိုတဲ့ အခြောက်မနဲ့ ကင်းကင်းရှင်းရှင်းနေလို့ မရနိုင်ဘူးလားကွယ်"
မထားမေသည် မခံနိုင်စွာဖြင့် ဝင်ပြောသည်။
"မြက ဘာများဖြစ်နေလို့လဲ အမေ"
ဒေါ်စိန်သည် မထားမေအား စူးစူးစိုက်စိုက်ကြည့်လိုက်သည်။
"ညည်းနဲ့မဆိုင်ရင် ဝင်မပါနဲ့ မထားမေ၊ ညည်းလည်း အဲ့မြတင့်ဆိုတဲ့ အခြောက်မနဲ့ အပေါင်းအသင်းမလုပ်နဲ့တော့၊ သူ့အဆင့်နဲ့ ကိုယ့်အဆင့် တူသလား တန်သလားဆိုတာ အရင်စဉ်းစား၊ သူလိုဟာမျိုးနဲ့ ညည်း အပေါင်းအသင်းလုပ်ရင် ညည်းကို ပတ်ဝန်းကျင်က ဘယ်လိုပြောကြမလဲ၊ စဥ်းစားကြည့်စမ်းပါလေ"
YOU ARE READING
မြတင့်
Historical FictionUnicode ၁၉၄၀ခုနှစ်လောက်က ဇာတ်လမ်းတစ်ပုဒ်။ မိန်းမအဝတ်အစား၊ မျက်နှာချေမှုန့်၊ နှုတ်ခမ်းနီရဲရဲတို့ကို နှစ်ခြိုက်ခဲ့သော ယောကျ်ားပျိုတစ်ယောက်၏ အမည်ကား မြတင့်။ မြတင့်က ကြမ်းတမ်းပြတ်သားသော်ငြား အချစ်နှင့်ပတ်သက်လျှင် နူးညံ့ကာ ဝေခွဲမရဖြစ်နေတတ်သည်။ မြတင့်သည်...