(၂၅)

32.4K 4K 466
                                    

မြတင့်သည် ထိုစာကြောင့်ပင် ဟော်နန်းဆီသို့ ခရီးနှင်လာခဲ့ပါ၏။ ခရီးတစ်လျှောက်တွင် မြတင့်၏အတွေးတို့သည် တောင်ရောက်မြောက်ရောက်နှင့် ရီဝေနေခဲ့သည်။

မြတင့်၏ အတွေးတို့အား လွန်းမောင်ကသာ နေရာယူထားခဲ့သည်။ မြတင့်သည် လွန်းမောင်နှင့် မတွေ့ရသည်မှာ အတော်ကို ကြာနေပြီဖြစ်သည်။ ထို့ကြောင့် မြတင့်သည် လွန်းမောင်အား တွေ့ချင်လွန်းလှသည်။

မျက်နှာချင်းဆိုင်ခြံတွင် နေထိုင်နေသော်ငြား သူနှင့် လွန်းမောင်သည် အနေဝေးလျက်ရှိသည်။ မြတင့်သည် လွန်းမောင်အား ချစ်လွန်းလှသည်။ သို့ရာတွင် ခွင့်လွှတ်ပေးနိုင်သည်လားဟုမေးသော် မြတင့်ကိုယ်တိုင်လည်း မသိ။

မြတင့်သည် ခေါင်းရှုပ်မခံနိုင်တော့ပေ။ မြတင့်၏ ခေါင်းထဲတွင် ပျော်ရွှင်သောအရာများကိုသာ တွေးတောချင်သည်။

မြတင့်သည် တီးတိုးပြောမိပါ၏။

"မြကတော့ ချစ်ပစ်လိုက်တာပဲ ရှုံးသည်ဖြစ်စေ၊ နိုင််သည်ဖြစ်စေ မြအတွက် သိပ်အရေးမပါလှပါဘူး"

ထို့နောက်တွင် မြတင့် စီးလာသော မြင်းလှည်းလေးသည် ကြီးကျယ်ခမ်းနားလှသော နန်းဆောင်ကြီးတစ်ဆောင်ရှေ့တွင် ရပ်နားလိုက်ပါ၏။

မြင်းဟီသံကြောင့် မြတင့်၏ အတွေးတို့ ပြတ်တောက်သွားရသည်။

တစ်ပြိုင်နက်ပင် မြတင့်သည် မြင်းလှည်းပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်ရှိနန်းဆောင်ကြီးအား ရှု့ကြည့်လိုက်ပါ၏။ ဤနန်းဆောင်သည် မြတင့်၏ မိခင် နန်းမြိုင် စံမြန်းရာ နန်းဆောင်ပင်ဖြစ်ချေလိမ့်မည်။

မြတင့်သည် သူ၏ခရီးဆောင်သံသေတ္တာငယ်ကို မ,ယူလိုက်ပြီးနောက် မြင်းလှည်းပေါ်မှ ဆင်းလာခဲ့သည်။ မန္တလေးမှ ရှမ်းပြည်ထိ ရထားတစ်လှည့်၊ ကားတစ်လှည့်စီးကာ ခရီးနှင်လာရသောကြောင့် မြတင့် အတန်ငယ် ခရီးပန်းနေပြီဖြစ်သည်။

ဟော်နန်းသို့ရောက်လာသောအချိန်သည် ညနေစောင်းပင်ဖြစ်နေချေသေး၍ ခိုက်ခိုက်လုအောင် ချမ်းလွန်းလှသည်။ မြတင့်သည် နီညိုရောင်မှိုင်းမှိုင်း သက္ကလက်အကျီကြီးကို တင်းကျပ်သည်အထိ ဆွဲစေ့လိုက်ပြီး အနွေးဓာတ်ကို ရှာဖွေလိုက််သည်။

မြတင့်Where stories live. Discover now