(၂၀)

32K 4.4K 510
                                    

မြတင့်သည် ကိုလှသောင်နှင့်အတူ ထွက်သွားခဲ့သည်မှာ မွန်းမလွဲခင်အချိန်ကတည်းမှ ဖြစ်သည်။ ယခုမူ သန်းခေါင်ကျော်လုနီးနီးပင် ဖြစ်နေချေပြီ။ မြတင့်တစ်ယောက်မှာအရိပ်အယောင်ပင် ပေါ်မလာသေးပါချေ။

မြတင့်မှာ အဘယ်သောလမ်းကို လျှောက်လှမ်းနေခဲ့ပါသနည်း။

ကြီးမေသောင်းသည် မြတင့်အား လွန်စွာ စိတ်ဆိုးလျက်ရှိသည်။ ထို့အပြင် အတော်လည်း စိတ်ပျက်မိသည်။ မြတင့်သည် အရေးပိုင်မင်းကဲ့သို့သော လူမျိုးနှင့် ယခုအချိန်အထိ အတူရှိမနေသင့်ပါချေ။ ပတ်ဝန်းကျင်တစ်ခွင်၌လည်း မြတင့်သည် လက်ညိုးထိုးစရာဖြစ်နေချေပြီဖြစ်၏။

တစ်ဖက်တွင်လည်း ကြီးမေသောင်းသည် မြတင့်အား စိတ်ပူလျက်ရှိသည်။ မြတင့် တစ်ခုခုများ ဖြစ်နေပြီလားဟူ၍ပင်။

မြတ်သိန်းသည် နံရံရှိ တတောက်တောက်မြည်နေသော ချိန်သီးနာရီကြီးကို မကြာခဏ မော့ကြည့်နေမိသည်။

များမကြာမီသော ကာလတစ်ခုတွင် အော်စတင်ကားလေးသည် ခြံရှေ့တွင် ထိုးရပ်လာပါ၏။

မြတင့်သည် ထိုကားပေါ်မှ နွမ်းလျစွာ ဆင်းသက်လာပါ၏။

"စောစောအနားယူစမ်းပါ မြတင့်"

ကိုလှသောင်သည် ကားထဲမှ နေ၍ မြတင့်အား ပြောလိုက်သည်။ မြတင့်ကား ခပ်ရွဲ့ရွဲ့သာ ပြုံး၏။ မြတင့်၏ ထိုအပြုံးသည် ပေါ့ပျက်ပျက်နိုင်လှသည်။

"သန်းခေါင်တောင် ကျော်နေပြီပဲ၊ မြက ဘယ်လိုလုပ်ပြီးများ စောစောအနားယူရမှာတဲ့လဲ အရေးပိုင်မင်းရယ်"

ကိုလှသောင်သည် မျက်နှာပျက်သွားကာ ဘာကိုမှ ပြန်မပြောတတ်တော့ပါချေ။

"အနားယူလိုက်ပါ မြရယ်.."

အရေးပိုင်မင်းသည် တောင်းပန်ရိုကျိုးစွာ စကားဆိုရင်း ကားစက်နှိုးကာ ပြန်သွားချေသည်။

မြတင့်သည် ခြံထဲ မဝင်မီ တစ်ဖက်ခြံရှိ မီးလင်းနေဆဲဖြစ်သော အခန်းငယ်လေးဆီ မော့ကြည့်မိလိုက်သည်။

ဤအချိန်တွင် ထိုအခန်းအတွင်းရှိ အနှီလူသားသည် ဘာများလုပ်နေပါမည်လဲ။

မြတင့်Tempat cerita menjadi hidup. Temukan sekarang