Extra-1 ❤️💚

4K 234 26
                                    

#unicode

Love Devotion ❤️
⟨⟨full of love in our own Paradise⟩⟩

"Time and tide will no wait for man" တဲ့...။

အချိန်ဆိုတာက ရွေ့လျားနေတဲ့အမျိုးပဲလေ။ စက္ကန့်တွေကနေ မိနစ်ဖြစ်လို့၊ မိနစ်တွေကနေ နာရီတွေဖြစ်လို့၊ အဲ့လိုနဲ့ နာရီပေါင်းနှစ်ဆယ့်လေးနာရီပြည့်တဲ့အခါ တစ်ရက်ဆိုတာကြီးဖြစ်လာတယ်။ အဲ့လိုတစ်ရက်ဆိုတာတွေများလာလေ လတွေဖြစ်လို့လာတယ်။ ထိုသို့ ရက်ကိုလစား၊ လကိုနှစ်စားပြီး ဒီအချိန်စက်ဝန်းကြီးထဲမှာ ကျွန်တော်တို့အသက်ရှင်နေသ၍ လည်ပတ်နေကြရတယ်။ အခုဆို ချစ်ရတဲ့ကိုကိုနဲ့အတူတူ တည်ဆောက်လာခဲ့တဲ့ ဒီမိသားစုအသိုက်အမြုံလေးက ခြောက်နှစ်ဆိုတဲ့ကာလအရှည်ကြီးကို ဖြတ်ကျော်လာခဲ့ပြီးပြီ။

ကျွန်တော့်ရဲ့ ပြီးပြည့်စုံတာထက်ပိုလွန်းတဲ့ နွေးထွေးတဲ့ ဒီအိမ်လေးက အချစ်တွေလျော့သွားခြင်းမရှိဘဲ ပိုပိုပြီးနွေးထွေးလို့လာတယ်။ သဘာဝတရားကိုဆန့်ကျင်ထားတဲ့ ကျွန်တော်တို့အိမ်ထောင်ရေးက ထင်ထားထက်ကို ပိုပြီးခိုင်ခံ့တယ်။ သစ္စာရှိတဲ့ အမျိုးသားရယ်၊ ဘုရားပေးတဲ့ဆုလာဘ်လေးတွေဖြစ်သော ကျွန်တော်တို့ရဲ့ သံယောဇဉ်ကြိုးလေးတွေဖြစ်တဲ့ ရှောင်းဝမ်လေးရယ်၊ အမြွှာလေးတွေဖြစ်တဲ့ ချိုးကျန့် နဲ့ ချိုးရိလေး။ အရမ်းကိုပြည့်စုံတာထက် ပိုလွန်းလှပါတယ်။

အတန်းကြီးရောက်လာပြီဖြစ်တဲ့ ရှောင်းဝမ်လေးက တစ်နေ့တစ်ခြား ကိုကိုနဲ့ မိတ္တူကူးထားတဲ့အတိုင်းကို ချွတ်စွပ်တူတူလာတယ်။ ချိုးနှစ်ချိုးကလည်း မူကြိုတွေစတက်နေရပြီ။ ချစ်မွှေးပါတဲ့ ကျွန်တော့်ရင်သွေးငယ်တွေက တစ်ကယ့်ကို လူချစ်လူခင်‌ပေါတဲ့ ကလေးလေးတွေပါပဲ။ ရောက်တဲ့နေရာတိုင်း သူတို့ကိုချစ်ပေးကြတဲ့ လူတွေပဲလေ။

ဒါပေမယ့်... မေတ္တာတရားတွေနဲ့ အေးချမ်းနေပေမယ့်လည်း မိဘတစ်ယောက်အနေနဲ့ ကြုံတွေ့ရတဲ့ ကိစ္စလေးတွေတော့ရှိ‌တာပေါ့လေ။ တစ်ခါတစ်ခါကျရင် အဲ့လိုကိစ္စလေးတွေကြောင့် ခေါင်းကိုက်ရပေမယ့်လည်းပေါ့...။

.....................

တစ်ညမှာ...!

အိပ်ချိန်ရောက်တာတောင် အလုပ်စားပွဲပေါ်မှာ မျက်မှန်ကြီးတပ်ပြီး ကွန်ပျူတာထဲခေါင်းစိုက်မတတ်အလုပ်ကြိုးစားနေတဲ့ ကိုယ့်ယောကျ်ားကို ဆက်ကြည့်မနေနိုင်တော့တာမို့။

LᴏVᴇ DᴇVᴏTɪOɴ ❤️(Completed)Where stories live. Discover now