#unicode
အခန်း(၂၅)| အာဃာတတရားတို့ဖုံးလွှမ်းသွားသောအချစ်ကဒဏ်ခတ်
အငြှိုးအာဃာတတရားတွေက သူမကို အပြစ်ဒဏ်ပေးလိုက်လေသလား။ အမုန်းတရားတွေက သူမချစ်နှစ်သက်ရသူကို ဝါးမြိုသွားခဲ့လေပြီ။ နှောင်းလင့်သွားတဲ့အချိန်မှာ ပြန်ပြင်၍မရနိုင်တော့။ တစ်ကယ်လို့သာ...တစ်ကယ်လို့သာ....
***
ရာသီအလီလီကိုဖြတ်ကျော်ခဲ့ပြီးတဲ့နောက်မှာတော့ ဖြူလွလွအုတ်ဂူလေးဟာ ဆေးရောင်တွေတောင် မှိန်ဖျော့နေခဲ့သည်မှာကြာခဲ့လေပြီ။ သစ်လွင်မှုတို့ကုန်ဆုံးသွားခဲ့သည်မှာ အုတ်ဂူပိုင်ရှင်၏ မြေကြီးအောက်မှာ ဆွေးမြေ့နေသောရုပ်ကလာပ်နှယ်။
လီပိုင်ဟယ်
မှတ်ကျောက်တိုင်လေးမှာ ရေးထွင်းထားတဲ့အနှီနာမလေးတစ်ခုဟာလည်း မိုးရဲ့ဒဏ်၊ နှင်းရဲ့ဒဏ်တို့ကြောင့် အိုဟောင်းနေခဲ့ပေပြီ။ နာမည်လေးရဲ့အပေါ်မှာကပ်ထားတဲ့ ဓာတ်ပုံလေးပေါ်ကအပြုံးတွေဟာလည်း ဝေဝါးမှုန်ရီနေရော့ပြီ။ ဤလောကကြီးမှာ ဘယ်သောအခါမှမရှိခဲ့တဲ့လူနှယ် မြေကြီးအောက်မှာဆွေးမြေ့ခဲ့ရချေပြီ။
ဤအထီးကျန်အုတ်ဂူလေးဆီ အနက်ရောင်ရှူးဖိနပ်လေးကလျှောက်လှမ်းလာခဲ့သည်။ အနက်ရောင်ရှူးဖိနပ်ပိုင်ရှင်က အုတ်ဂူလေးနဲ့တစ်တန်းတည်းဖြစ်အောင် ထိုင်ချလိုက်၏။ အုတ်ဂူလေးရှေ့မှာ အနက်ရောင်နှင်းဆီပန်းလေးတစ်ပွင့်ကို တင်လိုက်တဲ့ လက်တစ်စုံက ဝိဉာဉ်ငယ်အားအထီးကျန်မှုကိုအဖော်ပြုကာ နှစ်သိမ့်စေလျက်။
"လီလီ မင်းကတော့အေးချမ်းနေမလားမသိပေမယ့် ကျန်ခဲ့ရတဲ့ ကိုယ်ကတော့ မအေးချမ်းနိုင်သေးဘူး..."
အနှီလူက အုတ်ဂူလေးပေါ်က မှုန်ရီနေတဲ့ဓာတ်ပုံလေးတစ်ခုကိုငေးရင်း ခပ်ဆွေးဆွေးလေးနှင့်ဆိုကာ လေးပင်စွာပင် သက်ပြင်းလေးချသည်။
အရင်ထွက်သွားတဲ့လူက လူ့လောကရဲ့အနှောင်အဖွဲ့တွေဆီကနေ လွတ်မြောက်ချုပ်ငြိမ်းခွင့်ရပေမယ့် ဘဝတစ်ကွေ့ရဲ့ ကျန်ရစ်ခဲ့သူမိတ်ဆွေဟောင်းမှာတော့ ပရိဒေဝမီးတွေကိုရင်မှာပိုက်လျက် ကျန်ရှိတဲ့သက်တမ်းတစ်ခုလုံးမှာ နှလုံးသားဝယ်ပျိုးခဲ့ရသည်။ အတိတ်ဆိုးတွေကိုရင်မှာပိုက်ပြီး ကျန်ရှိနေတဲ့လူ့သက်တမ်းကိုရှင်သန်ရတာ သိပ်ကိုကြာလွန်းလှပါရဲ့။
![](https://img.wattpad.com/cover/217654819-288-k534491.jpg)
YOU ARE READING
LᴏVᴇ DᴇVᴏTɪOɴ ❤️(Completed)
FanfictionUnicode+ Zawgyi ZSWWSZD ✔️ [50parts+ 6extra] #Unicode ခရမ်းပွင့်ရောင် lilac ပန်းတွေရယ်... ကိုကို့ နာမည်လေးထွင်းထားတဲ့... ပုဝါဖြူလွလွလေးရယ်.... ကိုကို ကြိုက်တဲ့ Green Tea လေးရယ်... ပြီးတော့ ကျွန်တော်တို့ရဲ့ကိုယ်ပွားလေးရယ်... #Zawgyi ခရမ်းပွင့်ရောင် l...