LD-p1|မုန်လာဥလေးနဲ့အတူ လွမ်းသက်ငွေ့အိမ်လေးဆီ [Edited Version]

27.3K 1K 21
                                    

[LDရဲ့ ပြင်ဆင်ထားတဲ့ ဗားရှင်းလေးပါ။ မီယာ Writing Styleကိုပြောင်းထားပြီး လိုအပ်တာတွေ ဖြည့်စွက်ထားပါတယ်။ ပြီးတော့ “ကျန်းချန်” ရဲ့နာမည်ကိုလည်း “ကျိုးချန်” လို့ပြန်ပြောင်းထားပါတယ်။ အကုန်လုံးပြီးမှဆိုရင် နိုတီတွေနဲ့မျက်စိနောက်မှာစိုးလို့ ပြင်ဆင်ပြီးတိုင်း အားတဲ့အချိန် ပြန်တင်ပေးပါ့မယ်လို့။ Writing Styleအသစ်က အဆင်ပြေမယ်လို့ မျှော်လင့်လျက်။]

အခန်း(၁)|မုန်လာဥလေးနဲ့အတူ လွမ်းသက်ငွေ့အိမ်လေးဆီ

“ကိုကို ခင်ဗျားသိရဲ့လား... ကျွန်တော် ဒီအိမ်လေးကို ဘယ်တော့မှပြန်မလာတော့ဘူးလို့ရည်ရွယ်ထားခဲ့ပေမယ့်... ခင်ဗျားသွေးသားလေးကိုမွေးပြီးတော့ ရူးမိုက်စွာနဲ့ ဒီလွမ်းသက်ငွေ့အိမ်လေးဆီပြန်လာမိခဲ့တယ်။”

***

ပြတင်းပေါက်အပြင်ဘက်ထံမှ ညချမ်း၏ ရာသီဥတုသည်ကား အေးလွန်း၊ ချမ်းလွန်းသည်မဟုတ်။ ဆောင်းအနှောင်းကာလဖြစ်တာမို့ မကြာခင်မှာပဲ နွေဦးကိုတောင်ကြိုဆိုရတော့မည်ပင်။

ကျဉ်းလွန်းလှသော တိုက်ခန်းငယ်လေးတစ်ခုအတွင်းမှာတော့ မှိန်ဖျော့ဖျော့မီးရောင်လေး သန်းနေပါ၏။ လူမနေဖြစ်ခဲ့တာကြာမြင့်ခဲ့သည်မှာ တိုက်ခန်းအတွင်းမှ လှိုင်လှိုင်တက်နေပါသော ဖုန်‌မှုန့်ရောထွေးနေသည့် အနံ့အသက်ဆိုးက သက်သေတစ်ခုပါပင်။

ကျဉ်းမြောင်းသောတိုက်ခန်းလေးအတွင်းမှာ အိပ်ခန်းရယ်ဆိုလို့ သေးနုပ်သောအခန်းလေးတစ်ခုသာရှိသည်က သဘာဝကျလှပါ၏။ တစ်ခုတည်းသော အခန်း‌ငယ်လေးတစ်ခုအတွင်းမှာတော့ မကြာသေးခင်ကမှ အဝေးတစ်နေရာကနေ ပြန်ရောက်လာဟန်တူတဲ့ ကောင်ငယ်လေးတစ်ယောက်ကား ကုတင်လေးဘေးက စာရေးစားပွဲလေးမှာ တိတ်ဆိတ်စွာထိုင်နေပါ၏။ မှိန်ဖျော့ဖျော့မီးအိမ်လေးအကူအညီနှင့် မြင်ကွင်းထဲ ထင်ဟပ်နေတဲ့ အတိတ်က အမှတ်တရအဟောင်းလေးတွေစုဝေးနေပါသော ဓာတ်ပုံစာအုပ်လေးဟာ သူ့လက်ချောင်းတွေအောက်မှာတိတ်တဆိတ်။ သို့နှယ် တိတ်ဆိတ်လွန်းလှသည်မှာ တိုင်ကပ်နာရီ၏ စက္ကန့်လက်တံထံမှ တချက်ချက်မြည်သံသာလျှင် ထိုတိတ်ဆိတ်မှုကို တစ်ယောက်တည်းထိုးဖောက်နေပါသလို။

LᴏVᴇ DᴇVᴏTɪOɴ ❤️(Completed)Where stories live. Discover now