LD-P22|သို့/ငါ့ရဲ့ခရမ်းရောင်ပန်းလေး[Edited Version]

6.5K 511 21
                                    

#unicode

အခန်း(၂၂)|သို့/ငါ့ရဲ့ခရမ်းရောင်ပန်းလေး

“ငါအရမ်းချစ်ခဲ့တဲ့လူကို ငါမေ့နေခဲ့တယ်...!! ကံကောင်းတာလေးတစ်ခုက ငါ့မှာစာတိုလေးတွေရေးမှတ်ထားတဲ့မှတ်တမ်း‌စာအုပ်လေးရှိနေခဲ့တာပဲ”

***

“ဟင့်အင်း...ကိုယ့်ကို မမုန်းပါနဲ့...မသွားနဲ့... ထွက်မသွားပါနဲ့...ကလေး!!!!!!!”

ခြောက်အိပ်မက်တို့ကြောင့်လန့်နိုးလာတဲ့ရှောင်းကျန့်ဟာ ငေါက်ခနဲထထိုင်လာခဲ့၏။ လက်တွေ့ဆန်နေသောအနှီအိပ်မက်ကြောင့် အမှန်တစ်ကယ်ပဲဖြစ်ပျက်နေသလို သူ့ဆီကနေထွက်သွားဖို့ကြိုးစားနေသောပုံရိပ်ကလေးကို တားဆီးနေမိသည်မှာ တစ်ကယ့်အပြင်မှာပါ အော်ဟစ်တားဆီးနေမိသည်အထိ။

ချွေးစီးတွေလည်း တဒီးဒီးကျနေပြီး အသက်ရှူသံတွေကလည်း နိမ့်တချည်၊မြင့်တလှည့်နှင့်။ ခြောက်အိပ်မက်ကြောင့် လန့်နိုးလာခဲ့တဲ့သူဟာ ရေအရမ်းဆာလာတာကြောင့် ‌အိပ်ယာဘေးနားရှိ စားပွဲပေါ်က ရေကိုငှဲ့သောက်လိုက်သည်။ ကြည်လင်အေးစက်သောရေလေး သူ့လည်ချောင်းတွေကနေတစ်ဆင့် ဖြတ်ပြေးသွားကာမှ အမောပြေရ၏။

“ဟူး....!!!”

အိပ်မက်လှိုင်းလုံးကြီးထံမှခက်ခဲစွာရုန်းထွက်လာသောသူဟာ အခုမှနည်းနည်းသက်သာသွားသလို၊ သက်ပြင်းချမှန်းမသိချလိုက်မိချေပြီ။

“ဒီအိပ်မက်ကို...ထပ်ပြီးမက်ပြန်ပြီ...”

ဘေးနားရှိ ဖုန်းက နာရီကြည့်မိ‌လိုက်တော့ ည (၁)နာရီတိတိ။ ပြန်အိပ်ဖို့ကြိုးစားလိုက်သော်လည်း အတွေးတွေက အနှီအိပ်မက်ဆီမှာသာ တဝီဝီနှင့်ရစ်ဝဲနေလျက်။

ဒီအိပ်မက်...ဘာလို့ ဒီအိပ်မက်တစ်ခုကိုပဲ ခဏခဏ မက်နေရတာလဲ...? မှတ်မိသလောက်ဆိုရင် လွန်ခဲ့တဲ့သုံးနှစ်၊ သတိရလာကတည်းကစပြီးမက်လာတာ..! တစ်လကို သုံးလေးခါလောက် ပုံမှန်မက်တတ်တယ်။

ရွှေဝါရောင်ဆံပင်လေးနဲ့ကောင်လေးတစ်ယောက်...မက်တိုင်း အဲ့ကောင်လေးကိုပဲ။ အိပ်မက်ထဲကသူကအမြဲတမ်း အဲ့ကောင်လေးကို ကလေးလို့ခေါ်တတ်တယ်။ သူကိုယ်တိုင်ပဲ အဲ့ကောင်လေးကို တောင်းပန်မတတ်ကို မျက်ရည်လည်ရွဲနဲ့ သူ့ကိုမမုန်းသွားဖို့၊ မထားသွားဖို့ရာ တောင်းဆိုနေတတ်တယ်။ အိပ်မက်ထဲကရှောင်းကျန့်ဆိုတဲ့သူက ဘာလို့အဲ့လိုပြုမူနေမိသလဲဆိုတာ စဉ်းစားမရဘူးဖြစ်နေတယ်။

LᴏVᴇ DᴇVᴏTɪOɴ ❤️(Completed)Where stories live. Discover now