LD-P7|ပုဝါဖြုဖြူလေးရဲ့နိဒါန်း [Edited Version]

8.4K 657 6
                                    

#unicode

|အခန်း(၇)|ပုဝါဖြူဖြူလေးရဲ့နိဒါန်း

စတင်ခဲ့တဲ့ လူနှစ်ယောက်ရဲ့ ဇာတ်လမ်းလေးတစ်ပုဒ်မှာ၊ အချစ်နွယ်ပင်လေးက တစ်ယောက်သောသူ၏ တစ်ဖတ်သတ်အခြမ်း‌လေးကနေ တိတ်တိတ်လေး နွယ်ရစ်ကာအစပြုလို့ရယ်၊ ပြည့်သိပ်နေခဲ့ရတဲ့ စောင့်စားရခြင်းတွေကို လက်ကိုင်ထားခဲ့ရပါ၏။

***

ဖြစ်ပျက်သွားခဲ့သမျှတွေဟာ ပြဇာတ်တစ်ပုဒ်နှယ်။ တစ်ခန်းရပ်ပြဇာတ်လေးတစ်ပုဒ်အား ပိတ်ကားတစ်ချပ်ပေါ်ဝယ် မီးမောင်းထိုးပြလိုက်သကဲ့သို့ အလွန်မြန်ဆန်လွန်းလှပါသည်။ အနှီအချိန်တိုတိုလေးအတွင်းမှာပင် သူ့အဖို့ ပျော်ရွှင်မှု၊ ကြည်နူးမှု၊ ၀မ်းနည်းမှု၊ ကြေကွဲမှု စတဲ့ ရသပေါင်းစုံများအား စုံလင်စွာခံစားရခဲ့ပြီးချေပြီ။

သူ...လူတစ်ယောက်ကို နင့်နင့်နဲနဲ ချစ်ခဲ့ဖူးသလို ထိုလူတစ်‌ယောက်ကိုပဲ ရင့်ရင့်သီးသီး မုန်းတီးလိုက်ချင်ပြန်သည်။ သူကိုယ်တိုင် ဖမ်းဆုပ်ထားချင်ခဲ့တဲ့အရာကို သူကိုယ်တိုင်ပဲ လွှတ်ချခဲ့ပြီးပြီ...။ တစ်ခါတစ်လေ ဖမ်းဆုပ်ထားရတာထက် လွှတ်ချလိုက်တာက ပိုကောင်းတယ် မဟုတ်ပါလား‌လေ။

နောက်ဆုံးတော့ သူ့အတွက် ခံစားမှုပေါင်းစုံပေးခဲ့တဲ့ မွေးဖွားရာဇာတိမြေကို စွန့်ခွာသွားနိုင်ဖို့ရာ ကြုံကြိုက်လာခဲ့ပေပြီ။ နာကျင်မှုအမှတ်တရတွေ ပြည့်သိပ်နေတဲ့ ဒီမြေကြီးကို ဆက်လက်ပြီးဖက်တွယ်မထားချင်တော့ပါ။ လွတ်မြောက်ခြင်း တံတိုင်းကို ကျော်လွှားတော့မည်ပေ။

"အတတ်နိုင်ဆုံး ပြန်မလာတော့ဘူး" ဟုသာ... ခပ်ဆွေးဆွေးလေးဖြင့် မိမိစိတ်နှလုံးသားကို အကြိမ်ကြိမ် အသိပေးခဲ့လျက်...။

ဒါပေမယ့်လည်း ဘယ်အချိန်မှာဘယ်လိုပုံစံမျိုးနဲ့ ကံကြမ္မာက ကျီစယ်ဦးမည်လဲ မသိနိုင်ပါပဲလေ။ အနာဂတ်‌တွေကကြိုတင်မမြင်နိုင်တာမို့ အရေးတယူတွေးတောမနေတော့ဘဲ...။ ယခုမျက်မှောက်မှာတော့ ဒီနိုင်ငံ၊ ဒီအမှတ်တရတွေနှင့် ဝေးရာတစ်နေရာသို့...!

နှုတ်ဆက်ပါတယ်! ခင်ဗျားနဲ့...
ပြီးတော့... ခင်ဗျားနဲ့ပတ်သတ်မိခဲ့တဲ့
အတိတ်က ကျွန်တော့်ကိုယ်ကျွန်တော်ရောပေါ့...

LᴏVᴇ DᴇVᴏTɪOɴ ❤️(Completed)Where stories live. Discover now