Extra-4❤️💚

2.2K 159 21
                                    


#unicode

Love Devotion ❤️

⟨⟨ရှောင်းဝမ်ကကျောင်းရုံးခန်းအခေါ်ခံရတယ်!⟩⟩

'အင်း.... ဟုတ်ပြီ ဟုတ်ပြီ... ကျွန်တော် marketကအပြန် သားကို ဝင်ကြိုလိုက်မယ်... ဒါပဲမလား... ဖုန်းချလိုက်တော့မယ်..... ဝယ်စရာတွေက ကျန်သေးတယ်'

'နေဦး ကလေး..! တစ်ခုကျန်နေသေးတယ်...'

'ဘာလဲ... ဘာကျန်သေးလို့လဲ..!? ကိုကို ဘာမှာဦးမလို့..!'

'..........'

'ရား!! ရှောင်းအဖိုးကြီး!!!'
.
.

ဒီနေ့ ရှောင်းဝမ်လေး နောက်ဆုံးဘာသာဖြေပြီးတဲ့အထိမ်းအမှတ်အ‌နေနဲ့ အိမ်မှာ family dinner party အသေးစားလေး တည်ခင်းဖို့ရာ ကုန်တိုက်/market မှာရောက်နေသောသူ။

နှစ်ကုန်ကျောင်းပိတ်ထားတဲ့ အမြွှာနှစ်ယောက်နဲ့အတူ လိုအပ်တာလေးတွေ ဝယ်ယူနေတုန်း ဝင်လာတဲ့ ဖုန်းကောလ်က "အိမ်ကအမျိုးသား ကိုကို" တဲ့...။

meeting‌က ကြာမှာဖြစ်တာကြောင့် သားကိုသွားမကြိုနိုင်၍ မိမိဆီ ဖုန်းဆက်ပြောခြင်းဖြစ်သည်။

ဖုန်းထဲမှာတောင် မိမိအားအရှက်သည်းနိုင်အောင် ကလူတတ်ပါတဲ့ ကိုကို့ရဲ့အမှာစကားအချို့က နားထဲဝင်ရိုက်လာတဲ့အခါ အရှက်သည်းခြင်းကို ကာတတ်နေကြ မိမိအသံကျယ်ကျယ်က marketထဲရှိ သွားလာသူတွေကိုပါ အာရုံထားမိစေသည်အထိ။

တစ်ဖက်က ကိုကိုဆိုသည့် ဘိုးတော်ကြီးကတော့ တဟားဟားနဲ့ အော်ရယ်နေပြီး ဘဝင်ကျနေပုံရတာကြောင့် အမြင်ကပ်ကပ်နဲ့ တစ်ခွန်းတည်းပြောပြီး ကိုယ့်ဘက်ကအရင် (ဖုန်း)ချပလိုက်တယ်။

"(ဂျပ်)ဖာလိုက်ကိုဝယ်ခဲ့မှာမို့ ! ကိုကို, ခင်ဗျားဆန်ပြုတ်သောက်ရပြီသာမှတ်!"

တစ်ကြည့်ကြည့်လုပ်နေတဲ့ ဘေးက‌လူတွေကြောင့်လည်း အံကြိတ်သံနှင့် speaker နားကပ်ကာ ပြောလိုက်ရသေးတယ်။

တစ်ဖက်က ရှောင်းကျန့်တစ်ယောက် တဟားဟားရယ်နေရာကနေ တန့်သွားပြီး ပြန်ပြောဖို့ပြင်သော်လည်း သူ့ချစ်သက်လေးကတော့ ဖုန်းချသွားပြီဖြစ်တယ်...။

LᴏVᴇ DᴇVᴏTɪOɴ ❤️(Completed)Where stories live. Discover now