LD-P36|ရှောင်းသခင်မကြီးက အရမ်းပြောင်းလဲသွားပြီ[Edited Version]

7.2K 609 38
                                    

                        
#unicode

အခန်း(၃၆)|ရှောင်းသခင်မကြီးက အရမ်းပြောင်းလဲသွားပြီ

ရှောင်းကျန့်ကတော့ စိတ်ထဲမယ် ကြိတ်ပျော်ရွှင်နေလျက်။ မားက ရှောင်းလေးကို ချစ်တယ်၊ ရိပေါ်ကိုလည်း သားလို့ခေါ်ပြီးတောင် ကြည်ဖြူပြနေတယ်။ ဒါဟာ ရှောင်းကျန့်အတွက်တော့ ကောင်းချီးလေးချီးမြှင့်ခံလိုက်ရတာပဲ။

***

ထမင်းစားခန်းထဲကထွက်လာတဲ့ ရှောင်းသခင်မကြီးဟာ မြင်တွေ့လိုက်ရတဲ့ ပုံရိပ်လေးကြောင့် ခဏတာ ကြောင်အသွားရတယ်။

'‌ဒီကောင်လေး... ဒီကောင်လေးက... ငါတစ်ချိန်က ငါ့အတ္တတွေကြောင့် အားကျန့်နဲ့ကွဲစေခဲ့တဲ့ အားကျန့်ရဲ့ ချစ်ရသူမလား... ဒီကောင်လေးက ဘယ်လိုဖြစ်ပြီး...ဒီအိမ်ကို... ဟမ်!! ပြီးတော့ ရှောင်းဝမ်လေးက ကောင်လေးကို ပါးပါးတဲ့လား!! ဘာတွေဘယ်လိုဖြစ်ကုန်တာလဲ!!'

အတွေးကိုယ်စီနဲ့ ငြိမ်သက်နေကြတဲ့ ရှောင်းသခင်မကြီးနဲ့ ရိပေါ် ။

"မား... မား ဘယ်တုန်းက ရောက်နေတာလဲ"

နေရအလွန်ခက်နေတဲ့လေထုကို မနေနိုင်တော့တဲ့ ရှောင်းကျန့်ကပဲ ဖြိုခွင်းရတယ်။ ထိုအခါမှ...

"အာ...အားကျန့်...မားရောက်တာမကြာသေးပါဘူး..."

ရိပေါ်လက်ပေါ်က ရှောင်းလေးကလည်း...

"ဘွားဘွား...ဒါက တား ပါးပါးယေ...တား ပါးပါးက စတားစတား...တချင်းလဲ ဆိုတယ်...ကယဲကတယ် ပါးပါးမာ ဖန်ကျဲကျဲတွေ၊ ဖန်ကောကောတွေအများကြီးပဲရှိတယ် ဟီးဟီး"

ရှောင်းလေးတစ်ယောက်ကတော့ ကလေးပီပီ သူ့ပါးပါး ဘယ်လောက်တော် ဘယ်လောက်အောင်မြင်ကြောင်း ကြွားနေတော့တာပါပဲ။ ယုန်သွားလေးတွေပေါ်သည်အထိ ပြောနေတာဆိုတာ မြင်တဲ့သူတိုင်း ကလိကလိနဲ့ ပွက်ချိတ် ကိုက်သလိုလို အသည်းယားစရာကောင်းလှပါရဲ့...။

ရှောင်းမားမားကတော့ ဘာဆိုဘာမှနားမလည်နိုင်တော့ပေ...။ သူမ ထင်တာတွေမဟုတ်ဘူးလား? ဒါဆို ရှောင်း၀မ်လေးက အားကျန့်ကလေးမဟုတ်ဘူးဆိုတဲ့သဘောပေါ့...!!

LᴏVᴇ DᴇVᴏTɪOɴ ❤️(Completed)Where stories live. Discover now