Extra-2 ❤️💚

3.1K 254 50
                                    

#unicode

Love Devotion ❤️⟨⟨သက်ဝင်လှတဲ့မိသားစုထမင်းဝိုင်းလေး⟩⟩


မျက်နှာပေါ်မယ် ချွေးတွေဝေ့သီနေပြီး ထုတ်တန်းကနေတွဲလျောင်းကျနေတဲ့ သဲထည့်ထားပုံရတဲ့ ဂုန်နီအိတ်ကြီးကို တဘုန်းဘုန်းထိုးနေတဲ့ ရှောင်းဝမ်။ ညကြီးသန်းခေါင် ဒီမြင်ကွင်းကို မြင်လိုက်ရတဲ့ ရိပေါ်တစ်ယောက် အဘယ်များ မထိတ်လန့်မည်နည်း။

"ရှောင်းဝမ်!!!!"

ကိုယ့်အသံကြားတဲ့ ရှောင်းဝမ်က လှုပ်ရှားနေမှုကို ရပ်တံ့လိုက်ပြီး လက်ဖဝါးထက်ကအရာကို မိမိမမြင်အောင် ကျောအနောက်ဘက်ကိုဝှက်လိုက်ကာ ပုံစံအနေအထားက ကျောက်ရုပ်လို နေရာမှာတင် တောင့်တောင့်ကြီးရပ်တံ့သွားတယ်။ တစ်ဖန် မိမိစကားကို ဦးလို့ ဖြေရှင်းချက်တွေ ထုတ်ဖို့ ဟလာပြန်တယ်။

"ပါးပါး ဟို... ဒါကလေ... သား သားက"

"တိတ်စမ်း ရှောင်းဝမ်! ဒါဘာလုပ်နေတာလဲပဲ ငါ့ကိုပြော အခုလို လူအိပ်တဲ့အချိန် သန်းခေါင်ကျော်ကြီးမှ ဘာအရူးထနေရတာတုန်း ဟမ်"

"ဟို...ဟို..."

ရှောင်းဝမ်အနား လျှောက်သွားလို့ ကိုယ့်ပုခုံးလောက်ထိ ရှည်နေပြီဖြစ်တဲ့သားကြီးက တစ်ကယ့်ကို ကိုကိုနဲ့တူပြီး ထွားကြိုင်းတယ်။ အလယ်တန်းဂျူနီယာကျောင်းသားတောင် ဖြစ်နေပြီပဲ။

"ဘာတွေ ဟိုနေတာလဲ! ရှောင်းဝမ် သား... အတန်းတင်စာမေးပွဲဖြေနေရတာကို ဘာလို့ မနက်ဖြန် ဖြေရမယ့်ဘာသာထဲ အာရုံမစိုက်ဘဲ အရေးမကြီးတာတွေ လျှောက်လုပ်နေရတာလဲဟမ်"

"သား... သားက စာထဲအာရုံမစိုက်တာလည်း မဟုတ်ပါဘူး... သား စာတွေအကုန်ရပါပြီ! ပါးပါးစိတ်မပူပါနဲ့... သား မနက်ဖြန်ဘာသာအတွက် အကုန်ကြည့်ပြီးပြီ"

အထစ်ထစ် အ အအပြောနေတဲ့ ကလေးငယ်က မိမိကိုလန့်နေပုံ‌ရတာကြောင့် ပင့်သက်လျော့ချလို့ ပုံမှန်လေသံအေးလေးအတိုင်း ပြန်ဖမ်းယူပြီး... ချော့သလိုလေးပြောရတယ်။

"ဒါဆို... ဘာလုပ်နေသေးတာလဲ? အိပ်တော့လေ ပေါက်ပေ့လေးရဲ့... အိပ်ရေးမဝရင် မနက်ဖြန်စာမေးပွဲအခန်းထဲမှာ ခေါင်းကိုက်နေမှာပေါ့..."

LᴏVᴇ DᴇVᴏTɪOɴ ❤️(Completed)Where stories live. Discover now