LD-P28| ဝမ်စံအိမ်မှာ မပြည့်စုံတဲ့မှတ်ဉာဏ်လေးအားမှတ်မိခြင်း[Edited Version]

7K 566 34
                                    

#unicode

အခန်း(၂၈)| ဝမ်စံအိမ်မှာ မပြည့်စုံတဲ့မှတ်ဉာဏ်လေးအားမှတ်မိခြင်း

ကိုကို သိချင်တယ်၊ ဘယ်အရာက ကိုကိုတို့နှစ်ယောက်ကိုဝေးစေခဲ့တာလဲဆိုတာ...!! ဒါပေမယ့် မှတ်မိခဲ့ရင်တောင် ကလေးနဲ့ကိုကို အရင်လို ပြန်ဖြစ်နိုင်ပါ့မလား... ကလေးက ရှောင်းလေးရဲ့ပါးပါးဖြစ်နေပြီဆိုတော့လေ...ကိုကို့ကိုပြန်လက်ခံပါ့မလားဟင်...

***

မိုးနတ်မင်းကြီးကျေးဇူးကြောင့် ရှောင်းကျန့် အကြံလေးအောင်မြင်သွားသည်ဆိုပါတော့...!နောက်ဆုံးတော့လည်း ရှောင်းကျန့်ကို ရိပေါ်ကပဲ သူ့နေအိမ်ဆီခေါ်လာခဲ့ရသည်လေ။

စတားတစ်ယောက်ရဲ့နေအိမ်ဖြစ်သည့်တိုင် အတော်အတန်ကျယ်ဝန်းတဲ့ခြံကြီးက ခန့်ခန့်ညားညား။ သူတို့ကားလေးဟာ အိမ်တော်မကြီးကိုရောက်ဖို့ရာ တော်တော်လေးကိုမောင်းရသေး၏။ ပန်းမန်ရောင်စုံလေးတွေက အိမ်တော်ကြီးနဲ့ဆက်ထားတဲ့လမ်းလေးတစ်လျှောက်မှာ ငွားငွားစွင့်စွင့်။ အများဆုံးက lilacပန်းမျိုးစိတ်တွေ။ ရောင်စုံစိုက်ထားသည်ဖြစ်သော်လည်း ဒီနှစ်နွေဦးမှာတော့ ခရမ်းရောင်အပွင့်လေးတွေကသာ ပုံမှန်ထက် စောဦးစွာပွင့်လန်းနေကြသည်။ နွေဦးရဲ့မိုးပြေးကလေးကတိတ်စဲသွားပြီဖြစ်သော်လည်း မိုးစက်ကလေးတွေကတော့ ပန်းပင်လေးတွေမှာ တွဲခိုကျန်နေခဲ့တာကြောင့် စိမ်းစိမ်းစိုစိုဖြစ်လို့နေသည်။ ကားမှန်ပြတင်းဆီကနေမြင်နေရတဲ့ရှောင်းကျန့်အဖို့ ဒီမြင်ကွင်းက သိပ်ကိုမျက်စိပဒါရဖြစ်ရပါ၏။

"ရိပေါ်...အဲ.. လီယိုက ပန်းတွေချစ်တတ်တယ်ထင်တယ်"

"ပန်းတိုင်းကိုတော့ ကျွန်တော်မချစ်ပါဘူး...
ဒါပေမယ့် Lilacပန်းကိုတော့ ပိုသ‌ဘောကျတယ်"

"aww...."

အဖြူရောင်ကားလေးဟာ အိမ်မကြီးရဲ့ပေါ်တီအောက်မှာ ထိုးရပ်လိုက်ပြီး၊ ကားစက်သတ်လိုက်ပြီးနောက်။ ရိပေါ်က ရှောင်းကျန့်ပေါင်ပေါ်မှာ အိပ်ပျော်နေတဲ့ရှောင်းဝမ်လေးကို ချီမည်အလုပ်...!

"ကိုယ် ချီခဲ့လိုက်မယ်လေ...ရှောင်းလေးက အိပ်ပျော်နေတာ... နိုးသွားလိမ့်မယ်"

LᴏVᴇ DᴇVᴏTɪOɴ ❤️(Completed)Where stories live. Discover now