LD-P24|သူနဲ့ထပ်မဆုံချင်ဘူး[Edited Version]

6.8K 541 14
                                    

#unicode

အခန်း(၂၄)| သူနဲ့ထပ်မ‌ဆုံချင်ဘူး

ဘယ်လိုနည်းနဲ့မှမေ့ပျောက်သွားမည်မဟုတ်ပါသော ယောက်ျားတစ်ယောက်ရဲ့ရုပ်အသွင်။ သူ့မျက်မှောက်ရှေ့ကို တစ်ဖန်ရောက်ရှိလို့လာပြန်တယ်။ ကံကြမ္မာရဟတ်ရယ်... ပြန်တွေ့ဆုံခိုင်းတော့လည်း သွေးချင်းဆက်လူသားနှစ်ယောက်ကိုအရင်တွေ့ခိုင်းသတဲ့လား!!

***

ရိပေါ်ဟာ ရှောင်းဝမ်လေးကိုပွေ့ချီကာ တစ်ဦးတည်းသောသူငယ်ချင်းကြီးကျိုးချန်ကို လေဆိပ်မှာသွားကြို၏။ လေဆိပ်ရောက်တော့ အချိန်နည်းနည်းလောက်စောင့်လိုက်ရပြီး မကြာ၊ ကျိုးချန်ကိုတွေ့တော့ လက်လှမ်းပြကာ ခေါ်လိုက်သည်။

“ကျိုးချန် ငါတို့ဒီမှာ”

ဟိုဟိုဒီဒီရှာနေတဲ့ကျိုးချန်က ရိပေါ်အသံကြားမှ တွေ့သွားကာ ပြန်လက်လှမ်းပြကာ ရိပေါ်တို့အနား မပြေးရုံတမယ် လျှောက်လာသည်။ မတွေ့တာကြာပြီဖြစ်တဲ့သူငယ်ချင်းနှစ်ယောက်ဟာ အချင်းချင်း ၀မ်းသာအားရနဲ့ ပွေ့ဖက်ပြီး နှုတ်ဆက်နေလျက်ပေ။ အချင်းချင်းကျောပြင်တွေကို တဘတ်ဘတ်ပုတ်ကာဖြင့်။ ပြီးမှ ပြန်ခွာလိုက်ကြပြီး...!

“၀မ်ကြီး မင်းနေနိုင်တာကွာ!! ပေကျင်းကို တစ်ခေါက်လေးတောင်ပြန်မလာဘူး”

“ငါလည်း ဒီမှာ ငါ့ရည်မှန်းချက်‌တွေအကောင်ထည်ဖော်နေတာနဲ့ မအားလို့ပါကွာ... ပြီးတော့ ကလေးကလည်း ငယ်သေးတယ်လေ”

“အေးပါကွာ... မင်းကအခုဆိုရင် fan boyတွေ fan girlတွေအများကြီးပိုင်ဆိုင်ထားတဲ့ Star တစ်ယောက်ဖြစ်နေပြီ‌ဆိုတော့... congratsပါနော်”

ရိပေါ်ဆီ လက်ကမ်းပေးလာပြီး ဂုဏ်ပြုလာတဲ့ကျိုးချန်။

“ဟားဟား အဲ့လောက်လည်းမဟုတ်ပါဘူး”

ရိပေါ်လည်း လက်ပြန်ကမ်းပေးပြီး နှစ်ယောက်သားလက်‌ဆွဲနှုတ်ဆက်နေကြသည်။

“မင်းအကြောင်းတွေလည်း ငါကြားတယ်နော်..
Congrats U Tooပါ ကျိုးချန်..!!”

နှစ်ယောက်သား အချင်းချင်း မြှောက်ပင့်နေကြပြီး တဟားဟားနဲ့နှုတ်‌ဆက်နေကြတာ အခုမှ ရှောင်း၀မ်လေးကိုသတိရသွားပုံနှယ်...။ ဒါတောင် ကျိုးချန်စကားစမှ...။

LᴏVᴇ DᴇVᴏTɪOɴ ❤️(Completed)Where stories live. Discover now