Official Ending of LD-P50|"Never Ending"[Edited Version]

12K 570 130
                                    

#Unicode

[Official Ending]

အခန်း(၅၀)| “Never Ending”

ကျွန်တော်တို့နှစ်ယောက်အတွက်ကတော့ “Ending” ဆိုတဲ့ စာလုံးအစား “Beginning” ဆိုတဲ့ စတင်ခြင်းသာသုံးမယ်...။ နောင်လာမယ့် နေ့ရက်တွေတိုင်းမှာ မဟောင်းနွမ်းသွားတဲ့ချစ်ခြင်းမေတ္တာတွေ...၊ ရိုးအီမသွားသော ချစ်ခြင်းတွေကို endingမရှိတဲ့ စတင်ခြင်း‌တွေနဲ့သာ ဖန်တီးနေကြဦးမယ်လေ။ သေချာပေါက်ကို....!!

***

ကောင်လေးနှစ်ယောက်ရဲ့ ချစ်ခြင်းတွေ မည်မျှထပ်တူညီကြောင်း အများလူငှာအရှေ့မှာ သက်သေပြကြမယ့်နေ့။ ပျော်ရွှင်ခြင်းကိုယ်စားပြု အနီရောင်တွေလွှမ်းခြုံတဲ့နေ့လေး...။

[26.Aug.2020] ပျော်ရွှင်ခြင်းတွေသယ်ဆောင်လာပြီး အနာဂတ်နေ့တွေမှာ မင်္ဂလာနှစ်ပတ်လည်တွေ မြောက်မြားစွာထပ်လာတော့မယ့် ဒီနေ့လေးဟာ အချစ်တွေသက်သေထူရမယ့် ရက်မြတ်လေးပါပဲ...။

Qixi ပွဲတော်ကအပြန် တိုက်ခန်းဆီမပြန်ဘဲ ချစ်ရသူနဲ့အတူတူ စောင်တစ်ခုထဲကွေးခဲ့ပါသော အနီရောင်သတို့သားလောင်း သူ...

မနက်ဖြန်ဆိုတဲ့နေ့ကိုရင်ခုန်စွာနဲ့ ချစ်သူ့ရင်ခွင်ထဲအိပ်စက်ခဲ့သော နောက်ထပ်အနီရောင်သတို့သားလောင်း အဖြူလုံးလေး...

>At 5:00 a.m<

မနက်ဖြန်အတွက်ရင်ခုန်လွန်းလို့ ညက ကိုကိုနဲ့အတူ ချစ်စကားတွေ တစ်ဖောင်တစ်သီးကြီး မမောတမ်း ပြောကာ ကျီစယ်ခဲ့တယ်...။ ဒီတစ်ခါတော့ သမာဓိအားမကောင်းတဲ့ ကိုကိုက စည်းစောင့်ခဲ့ပါရဲ့...!! ဟိဟိ လက်လေးပဲကိုင်ပြီး အိပ်ခဲ့ကြတယ်လေ...။

အချိုးအဆစ်ကျလှတဲ့ ကိုကို့မျက်နှာက သိပ်ကိုချောတယ်။ အနမ်းချိုချိုတွေပေးတတ်တဲ့ ကိုကို့ နှုတ်ခမ်းမထူမပါးလေးအောက်က မှဲ့နက်လေးကြောင့် ကိုကို့ချောမောမှုက ပြီးပြည့်စုံတာထက်ပိုတယ်...။ ဒီလူသားကို ပိုင်ဆိုင်ခွင့်ပေးတဲ့ ကံကြမ္မာကိုကျေးဇူးတင်တယ်...။ နွေးထွေးမှုအပြည့်ရှိတဲ့ ကိုကို့ရင်ခွင်ထဲကနေ ကိုကို့ ချောမောမှုတွေ တစ်ခုချင်းတ‌မေ့တမောမှတ်သားနေမယ်...။ မနေနိုင်စွာနဲ့ ကိုကို့ နှုတ်ခမ်းလေးဆီ ထိကပ်ကြည့်တယ်။ ခဏလေး၊တစ်ကယ့်ခဏလေးကိုမှ ထိရုံဆိုရုံလောက် အနမ်းလေးတစ်ပွင့်သာယူပြီး ချက်ချင်းခွာလိုက်တယ်...။

LᴏVᴇ DᴇVᴏTɪOɴ ❤️(Completed)Where stories live. Discover now