Extra-5❤️💚

2.6K 181 17
                                    

#unicode

Love Devotion ❤️
⟨⟨full of love in our own Paradise⟩⟩

[ညစာငတ်ခဲ့ရတဲ့ ယုန်ကြီး]

မဟန်တဲ့အဆုံး ကျောင်းအုပ်ကြီးကပဲ အခြေအနေကို ဝင်ထိန်းရတော့တယ်။

"ခဏ ခဏနေကြပါဦးဗျာ... ကျောင်းအုပ်တစ်ယောက်အနေနဲ့တော့ အရည်အချင်းရှိတဲ့ ကျောင်းသားနှစ်ယောက်စလုံးကို လက်မလွှတ်ချင်တာတော့ အမှန်ပါပဲ... ဒါကြောင့် အရင်ဆုံး ကျောင်းသားတွေဆီက ရန်ဖြစ်ရခြင်း အကြောင်းအရင်းကို နားထောင်ကြည့်ရအောင်လား"

အမှန်တစ်ကယ်ပဲ ကျောင်းအုပ်အတွက် အရည်အချင်းရှိပြီး အလားလာရှိတဲ့ ကျောင်းသားနှစ်ယောက်ကို ဆုံးရှုံးမခံလို။

"‌ပါးပါး...."

မျက်ခုံးနှစ်ဖက်တွန့်ကျုံ့နေပြီး မျက်နှာထားတည်တင်းနေတဲ့ ဝမ်ရိပေါ်ကို သားဖြစ်သူက အင်္ကျီခါးအစလေးဆွဲလို့ ခပ်ဖျော့ဖျော့အသံလေးနဲ့ စိတ်လျော့ဖို့ရာ ပြောတယ်။ ထိုအခါမှ ရိပေါ်တစ်ယောက် စိတ်လျော့ပြီး အသက်ရှူသံလေးကို ဟင်းခနဲချတယ်။

"ကောင်းပြီလေ... နားထောင်ကြည့်ကြည့်တာပေါ့"

ဖြစ်စဉ်က ဤသို့...

ရှောင်ရှောင်းဝမ်လို အဘက်ဘက်က ပြည့်စုံထူးချွန်‌တဲ့ ကလေးတစ်ယောက်က ကျောင်းသားတွေနဲ့ ဆရာ၊‌‌ဆရာမတွေရဲ့ အာရုံစိုက်တာကို ခံရတာက သဘာဝ။ ဒါကို မနာလို ဘဝင်မကျဖြစ်တာက လုဝိန့်ဆိုတဲ့ကောင်လေး။ ရှောင်းဝမ်နဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ လုဝိန့်က ရှောင်းဝမ်ကသူ့ထက်ပြည့်စုံနေတာကို မနာလိုအားကျခြင်းဖြစ်လာတယ်။

လုဝိန့်, သူ့မှာက အမေတစ်ခု၊ သားတစ်ခုမျိုး... သူ့အဖေဆိုတာက သူ မမွေးခင်ကတည်းက ဆေးကြောင် ကြောင်ပြီး ထွက်ပြေးသွားတာတဲ့။ ငွေကြေးချို့တဲ့ပေမယ့်လည်း သူက စာတော့ ကြိုးစားသား။ ထူးချွန်တာကတော့ အားကစားဘက်မှာ။ ကျောင်းမှာ ချို့တဲ့တယ်ဆိုပြီး အနှိမ်မခံရအောင်လည်း သူက အတန်းထဲမှာ အကုန်ကြောက်ရတဲ့ ကျောင်းသားဆိုးလေးဖြစ်‌‌လာခဲ့တယ်။ ဒါပေမယ့် သူ အဲ့လိုဆိုးပေမယ့်လည်း နှစ်တိုင်း ကျောင်း‌ပေါင်းစုံအားကစား‌တွေမှာ ဂုဏ်ဆောင်နေကြဆိုတော့ သူက ရုံးခန်းအခေါ်ခံရတဲ့အထိမျိုးမဖြစ်ခဲ့ဖူးဘူး၊ အနည်းဆုံး အတန်းပိုင်ဆရာမကပဲ ခေါ်သတိပေးဆုံးမတာလောက်ပဲ ခံခဲ့ရတာ။ အဲ့ဒါတွေက ရှောင်ရှောင်းဝမ်နဲ့ တစ်ခန်းထဲ အတူမကျခင်အထိပဲ။ အလယ်တန်းပထမနှစ်ရဲ့ ပထမဆုံးစာမေးပွဲပြီးတဲ့နောက်မှာ စာတော်တဲ့လူတွေကို တစ်ခန်းထဲစုလိုက်တာက စတာပါပဲ။

LᴏVᴇ DᴇVᴏTɪOɴ ❤️(Completed)Where stories live. Discover now