LD-P9|ရောင်စုံသက်တံ့လှိုင်းလေးပြေးဖြတ်လာချိန်[Edited Version]

6.9K 549 12
                                    

                          #unicode

|အခန်း(၉)|ရောင်စုံသက်တံ့လှိုင်းလေးပြေးဖြတ်လာချိန်

.....မျက်နှာလှလှလေးတစ်ခုကြောင့် ကြောင်အမ်းအမ်းဖြစ်နေရတဲ့ ရှောင်းကျန့်ဟာ အဖြေတစ်ခုကို ရှာဖွေနေခဲ့တာမို့။ ဗလောင်းဆန်ဆန်မြည်ဟီးနေတဲ့ ရှောင်းကျန့်ရဲ့ရင်ဘတ်ထဲက နှလုံးသားကြီးဟာ....“ဒါ ဘာအဓိပ္ပါယ်ကို ဖော်ဆောင်နေတာလဲ”......

***

“ရိပေါ်...ရိပေါ်...၀မ်လေး...ရိပေါ်လေး...၀မ်ကြီး!!! ပြောပြပါနော် နော်...ပြောပြပါဆို...”

နေ့လည်စာစားချိန် ကန်တင်းသွားတဲ့ လမ်းတစ်လျှောက် ကျိုးချန်တစ်ယောက် ရိပေါ်ကို ပုဝါကိစ္စ အတင်းလိုက်မေးနေခြင်းသာ...။ ဟိုကလည်း သူ့ကိုအဖတ်တောင်မလုပ်တဲ့အပြင် အာရုံလည်းရှိမနေ..! စိတ်တစ်ခုလုံးက သူ့ကိုကို ကို ရှာရန်သာ ယောက်ယက်ခတ်နေခဲ့၏။

‘အင်း ကိုကိုက တတိယနှစ်ဆိုတော့ ကိုကို့အဆောင်က ငါတို့အဆောင်နဲ့ သိပ်မဝေးဘူးပဲ... ကိုကိုလည်း ဒီကန်တင်းကို နေ့လည်စာ လာစားလောက်‌တယ်...ရှာကြည့်ရမယ်... ကိုကို့ အခန်းကိုသိအောင်လုပ်ရဖို့ဆို... ကိုကို့ကို အရင်တွေ့မှဖြစ်မှာ! ဒါမှ နောက်နေ့တွေမှာ ငါ ကျောင်းကိုစောစောလာပြီး ကိုကိုကြိုက်တဲ့ Green Tea လေးကိုတိတ်တိတ်လေးသွားထားလို့ရမှာ... ရှာစမ်း ၀မ်ရိပေါ် ရှာစမ်း.. ! ကျစ်!! လူတွေကလည်း များလိုက်တာ... အရင်ဆုံး စားဖို့နေရာ ရှာရမယ်...ကိုကို့အခန်းကိုလိုက်ရှာဖို့အတွက် နေ့လည်စာမြန်မြန်စားမှပဲ’

“ရိပေါ်ရေ...ရိပေါ်လေးရဲ့...မင်းသူငယ်ချင်း စောက်ချောကြီးကို အဖတ်လေးလုပ်ပါဦးဟ!! ငါ့မှာ အရူးကြီးကျလို့... လူတွေလည်းကြည့်ကုန်ပါပြီဟ... ဒီက အချောလေးကို...”

ဝမ်ရိပေါ်အနောက် တကောက်ကောက်လိုက်ပြီး တစ်ယောက်တည်းပြောနေရတဲ့ ကျိုးချန်ကို ကြည့်ကြည့်ပြီး ရယ်သွားကြတဲ့လူတွေ။ ကျိုးချန်ကတော့ အရှက်ပြေပြေ ဆင်ဂယ်သွားတိုက် ဆေးသာ ကြော်ငြာပေးနေလိုက်တော့တယ်။

LᴏVᴇ DᴇVᴏTɪOɴ ❤️(Completed)Where stories live. Discover now