#unicode
အခန်း(၁၂)| ကျွမ်းကျင်မှုမရှိတဲ့ပထမဆုံးအနမ်း
တက်ကြွသွားတဲ့ရှောင်းကျန့်က ဆွံ့အနေတဲ့ ဖက်တီးကောင်ဘက်လှည့်ကာ မှတ်လောက်သားလောက်အောင်လည်း လက်သီးတစ်ချက်ကျွေးလိုက်ပြီး ရာဇသံတစ်ခုလည်းကြွေးကြော်တယ်။
"မထိနဲ့! ! ဒါ ငါ့ကောင်လေး!!!"
***
ခေါက်ဆွဲသာစားနေတဲ့ရှောင်းကျန့်၊ မျက်လုံးတွေကတော့ ရွှေဝါရောင်ဆံပင်လေးနဲ့ဝိတ်တာကောင်လေးနောက်ကျောမှာ ကပ်ပါသွားသလိုပင်။ စိတ်၏အစ မျက်လုံးကဆိုသလို၊ အာရုံတွေအကုန်လုံးက ကောင်လေးပေါ်မှာသာအပြည့်ကျရောက်နေပါသည်။ ကောင်လေးကို ရေထည့်ခိုင်းနေတဲ့ ဝဖိုင့်ဖိုင့်နှင့်လူကြီးကို သိပ်မကြည်၊ ပြီးတော့ ကောင်လေးရဲ့လက်ကိုကိုင်နေတဲ့အချိန်ဆို သူ့မယ် ထသွားပြီးဆွဲထိုးလိုက်ချင်စိတ်တွေကတဖွားဖွားပဲ။
သူ ထသွားပြီးဝင်ပါမယ်လုပ်မယ့်အချိန်မှာပဲ ကောင်လေးရဲ့မျက်နှာပေါ်က အဝတ်စုတ်ဖယ်ခံလိုက်ရတဲ့အချိန်။ မျှော်လင့်ထားတဲ့မျက်နှာလေးဟာ ထင်းခနဲပေါ်လာတော့ တောင့်ဆတ်သွားရတယ်။ တစ်ချိန်တည်းမှာပဲ သူတစ်ခါကိုင်ခဲ့ဖူးတဲ့ကောင်လေးရဲ့ခါးသွယ်သွယ်လေးကို ဆွဲချလိုက်တဲ့ ဝဖိုင့်ဖိုင့်နဲ့လူ။ သူ့ဒေါသတွေဟာ ရေဆူအမှတ်ကိုရောက်ရှိလို့သွားပြီ။ ဝုန်းခနဲပြေးထသွားတဲ့ရှောင်းကျန့်၊ သူ့ခြေလှမ်းတွေတစ်ဝက်လောက်မှာပဲ သူ့ထက်လက်ဦးသွားတဲ့ကောင်လေးက ပျော့ညံ့တဲ့အထဲလုံးဝမပါဘူးပဲ။ ကြင်နာယဉ်ကျေးတတ်ပြီး တစ်ဆက်တည်းမှာပင် စော်ကားမှုတွေကို ခေါင်းငုံ့မခံတတ်ဘဲ ပြန်ခုခံတတ်တဲ့ကောင်လေးကြောင့် ရှောင်းကျန့်၊ တစ်ကယ်ပဲ နှစ်ထောင်းအားရဖြစ်မိတယ်။
"တောက်!!!"
တောက်ခေါက်သံကြီးနဲ့အတူ ကောင်လေးကိုပြန်ရွယ်နေတဲ့ အဆီပိတ်နေတဲ့ထိုလူရဲ့လက်ကို ခုခံလိုက်တဲ့ရှောင်းကျန့်။
'ကောင်လေးရဲ့ စုံမှိတ်ထားတဲ့မျက်လုံးလေးတွေက ကြောင်ပေါက်လေးတစ်ကောင်လိုပဲ ချစ်ဖို့ကောင်းလိုက်တာ အား!!'
BẠN ĐANG ĐỌC
LᴏVᴇ DᴇVᴏTɪOɴ ❤️(Completed)
FanfictionUnicode+ Zawgyi ZSWWSZD ✔️ [50parts+ 6extra] #Unicode ခရမ်းပွင့်ရောင် lilac ပန်းတွေရယ်... ကိုကို့ နာမည်လေးထွင်းထားတဲ့... ပုဝါဖြူလွလွလေးရယ်.... ကိုကို ကြိုက်တဲ့ Green Tea လေးရယ်... ပြီးတော့ ကျွန်တော်တို့ရဲ့ကိုယ်ပွားလေးရယ်... #Zawgyi ခရမ်းပွင့်ရောင် l...