LD-p34|သူတို့ တစ်ယောက်ယောက်ကို အိမ်မှာမေ့ကျန်ခဲ့တယ်[Edited version]

7.2K 563 52
                                    

#unicode

အခန်း(၃၄)| သူတို့ တစ်ယောက်ယောက်ကို အိမ်မှာမေ့ကျန်ခဲ့တယ်

"ဘွားဘွားက ဘယ်တူယဲ"

...ပွင့်အာသွားတဲ့ နှုတ်ခမ်းစိုစို၊ သေးသေးလေးကနေတစ်ဆင့် ထွက်ပြူလာတဲ့ bunnyသွားလေးနှစ်ချောင်းကြောင့်!! သူမအထင်တွေက ဟုတ်ကိုဟုတ်နေပါပြီလို့သာ တထစ်ချယုံကြည်လိုက်ပေတော့သည်။....

***

"ကျိယန်လေး... အချစ်လေးရေ...ကျိယန်လေးလို့!! ကိုယ့်ကို စကားလေးဘာလေး ပြန်ပြောပါဦးလို့... ဒီလိုကြီးပဲ ကိုယ့်ကို ပလစ်ထားတာ ကြာပြီနော်..."

ဟောက်ရွှမ်းခမျာ ကျိယန်အနောက်တကောက်ကောက်လိုက်နေရတာ၊ ဟိုကတော့ သူ့ကို ရှိတယ်လို့တောင် မမှတ်ပေ။ တစ်ရက်မက၊ နှစ်ရက်တောင်ကျော်လို့...။ တစ်ပါတ်တောင်ရှိပြီလားလဲပင်မသိတော့... ကျိယန်နောက်သာ တောက်တဲ့လိုလိုက်နေတဲ့ ဟောက်ရွှမ်းတို့ နေ့ရက်တွေတောင် မမှတ်မိနိုင်တော့။

အခုလည်း ကျိယန်ရဲ့ ဂျူတီချိန်ကြီးမှာ အနောက်ကနေ လိုက်ပြီး နှောက်ယှက်နေတာပင်။ ကျိယန်ကတော့ အဖတ်လုပ်မနေပါ၊ မရှိတဲ့သူလို သဘောထားပုံရသည်။ သူ့တာဝန်တွေကိုသာ မပြတ်ဆောင်ရွက်နေပေ၏။

"ကျိယန်ကလည်း ကြာလိုက်တာ operation ခန်းထဲ၀င်သွားတာ အခုထိထွက်မလာသေးဘူး!! နေ့လည်ကတည်းက၀င်သွားတာ...ဟူး ကိုယ့်ကျိယန်လေးတော့ပင်ပန်းတော့မှာပဲ...ဆရာ၀န်တစ်ယောက်ကို ချစ်မိတော့လည်းမလွယ်ပါလားနော်...ခွဲစိတ်ဆရာ၀န်ဆိုတော့ ပိုဆိုးတယ်..."

နေ့လည်ကတည်းက ကျိယန်တို့ဆရာဝန်အဖွဲ့ဟာ နှလုံးအစားထိုး ခွဲစိတ်မှုကို ပြုလုပ်နေကြတာ...။ အခုဆိုရင် နာရီပေါင်း ၁၀နာရီလောက်ရှိရော့ချေပြီ။ ခုံတန်းပေါ်မှာ စောင့်နေတဲ့ဟောက်ရွှမ်းလည်း ငိုက်မြည်းစပြုနေပြီဖြစ်တယ်။

ဟောက်ရွှမ်းအိပ်ပျော်သွားပြီး ခဏကြာတော့ ခွဲစိတ်ခန်း ၀တ်စုံအပြည့်နဲ့ ထွက်လာကြပါပြီ...!!

"ဒေါက်တာ...ခွဲစိတ်မှုအခြေအနေလေး...ကျွန်တော့် သားလေး ဘယ်လိုဖြစ်သွားပြီလဲ ဒေါက်တာ"

LᴏVᴇ DᴇVᴏTɪOɴ ❤️(Completed)Tahanan ng mga kuwento. Tumuklas ngayon