LD-P35|ကောက်ခါငင်ကာဖြစ်သွားသော စာနယ်ဇင်းမိတ်ဆက်ပွဲ[Edited Version]

7.2K 557 48
                                    

#unicode

အခန်း(၃၅)|ကောက်ခါငင်ကာဖြစ်သွားသော စာနယ်ဇင်းမိတ်ဆက်ပွဲ

ရှင်းယန်ကတော့ သူ့ဘေဘီလေး အဲ့လောက်တောင်နာမည်ကျော်ပါလားဆိုပြီး စိတ်ထဲတွင် ဂုဏ်ဆာနေပါလျက်။ သို့ပေမယ့် သူ့ဂုဏ်ဆာမှုကြီးက ကြာရှည်မခံလိုက်ပေ။ သူခေါ်လိုက်တာက သူ့‌ဘေဘီလီဘို၀မ်ဆိုပေမယ့် တစ်ကယ်တမ်း stage ပေါ်တက်လာသူက....

***

"သူဌေး...သူဌေး ဘာဖြစ်လာတာလဲ"

ရိပေါ်ကိုပွေ့ပြီး ရုံခန်းထဲ အရေးကြီးသုတ်ပြာဝင်လာတဲ့ ရှောင်းကျန့်ကြောင့် ဖိန်ရှင်းမေးလိုက်မိခြင်း။

ရှောင်းကျန့်က ဖိန်ရှင်းကိုအရေးစိုက်မနေဘဲ ကျယ်ဝန်းလှတဲ့ရုံးခန်းထဲက living room အသေးစားလေးဆီ ဦးတည်ပြီး၊ ရိပေါ်ကို ဆိုဖာပေါ် အသာအယာချကာ သက်တောင့်သက်သာရှိအောင်ပြုပြင်ပေးပြီး ‌လှဲလျောင်းစေသည်။

ထို့နောက် ဖုန်းနံပါတ်တစ်ခုကို နှိပ်ကာခေါ်သော်လည်း...

*လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ တပ်ဆင်ထားခြင်းမရှိပါရှင်*

တပ်ဆင်ထားခြင်း မရှိကြောင်း‌သာဖြေတဲ့ အော်ပရေတာနဲ့တိုးတယ်။

"ဟာ ကျစ်!!! စုန့်ကျိယန် ဒီကောင် လိုပြီဆို ခေါ်မရတော့ဘူး!!!  Shittt"

စိတ်ရှိတိုင်းသာဆိုရင် ဖုန်းကိုပစ်ပေါက်ကာ ခွဲပြီးနေလောက်ပြီ။ သို့ပေမယ့် မဖြစ်သေး...!! ဖုန်းထဲမှာ ရိပေါ်မသိအောင် ခိုးရိုက်ထားတဲ့ပုံလေးတွေရှိနေသေးသည်လေ။ မဖြစ်ဘူး၊ မဖြစ်ဘူး။

ဒါကြောင့်ပဲ ရပ်ကြည့်နေတဲ့ ဖိန်ရှင်းကို...

"ဖိန်ရှင်း... ဘာရပ်ကြည့်နေတာလဲ!! ဒေါက်တာမြန်မြန်သွားခေါ်လေ... မြန်မြန်"

...ဖုန်းမကိုင်တဲ့စုန့်ကျိယန်ကို စိတ်တိုနေမှုကို ဖိန်ရှင်းအပေါ်သွန်ချလိုက်တဲ့ ရှောင်းကျန့်။ အခုအချိန်မှာ ရိပေါ်ကြောင့် သူ့ရင်ထဲ ဗလောင်ဆူရလွန်းလို့ "မျောက်မီးခဲဖင်ခုထိုင်"သလိုဖြစ်လို့နေတယ်။

"ဟုတ်၊ ဟုတ်ကဲ့ပါ သူဌေး"

ဖိန်ရှင်း အခုမြင်နေရတဲ့ သူဌေးရဲ့ပုံစံက အရမ်ကို စိတ်ဆတ်နေပြီး စိုးရိမ်မှုလွန်ကဲနေတယ်။ သူမြင်ဖူးတဲ့သူဌေးက တစ်ခါမှ အခုလိုမျိုးကြီးမဟုတ်ဘူး၊ အထူးသဖြင့် လူတစ်ယောက်အတွက် စိုးရိမ်တာမျိုးမမြင်ဖူးခဲ့ဘူး။

LᴏVᴇ DᴇVᴏTɪOɴ ❤️(Completed)Donde viven las historias. Descúbrelo ahora