LD-P16|နှလုံးသားတံခါးရဲ့သော့ပိုင်ရှင်လေးက ငါ့အပိုင် [Edited Version]

6.4K 501 18
                                    

#unicode

|အခန်း(၁၆)|နှလုံးသားတံခါးရဲ့သော့ပိုင်ရှင်လေးက ငါ့အပိုင်

“ဒါက... ငါ့ချစ်သူ...သူက ငါ့တစ်ယောက်တည်းရဲ့အပိုင်!!”

***

“သူမက...သူမ မဟုတ်တဲ့... သူ!!!”

လည်ပင်းမှာ အထင်းသားငေါထွက်နေတဲ့ Adamရဲ့ ပန်းသီးလေးက မိန်းကလေးမဟုတ်ကြောင်း သက်သေပြနေသည်။ တစ်ချိန်ထဲမှာပင် သူသိလိုက်ရတာက ထို“က”နေတဲ့ကောင်မလေး...အဲ...မဟုတ်သေးဘူး...ကောင်လေးက သူ့နှလုံးသားတံခါးကို ပထမဦးဆုံးခေါက်သွားတဲ့ တစ်ဦးတည်းသော ပဲ့ကိုင်ရှင်ကောင်လေးဆိုတာ!!

ကောင်လေးမှန်းသိပြီးသွားတဲ့ရှောင်းကျန့်ဟာ စတိတ်ပေါ်မှာကနေတဲ့ပုံရိပ်လေးကို ပိုပြီးတောင် မှင်သက်စွာငေးမောနေမိသည်။ စည်းချက်သံစဉ်တွေအကြားမှာ ဟန်ချက်ညီညီ ကနေသည့် ကောင်လေးက သေချာသာမကြည့်မိရင် ကောင်လေးတစ်ယောက်ဟု ထင်ရက်စရာမရှိ။ နေရောင်ခြည်အောက်မှာပွင့်လန်းနေပါတဲ့ ပန်းလေးတစ်ပွင့်လေး ယိမ်းခုန်နေသကဲ့သို့၊ ဤအရမ်းလှပတဲ့သဘာဝတရားလေးရဲ့ဖြစ်တည်မှုလေးက ရှောင်းကျန့်ရဲ့အသည်းညှာကို တဆတ်ဆတ်ဆွဲခါလို့နေ၏။ ထိုဖြစ်တည်မှုလေးကြောင့် ရင်ထဲက ကြည်နူးမှုလေးတွေ သိမ့်သိမ့်လေးဖြတ်ပြေးနေလျက်။

သီချင်းသံအဆုံး စည်းချက်တွေနဲ့အညီ ပေါ့ပါးသွက်လက်စွာ ယိမ်းခုန်နေသည့် ခန္ဓာကိုယ်လေးက မောဟိုက်ခြင်းကို အနည်းနဲ့အများလှစ်လပ်နေသည်။ စတိတ်အောက်က လူအုပ်ကလည်း လက်ခုပ်သံ တဖြောင်းဖြောင်းနှင့်။

ဖျော်ဖြေမှုပြီးလို့ စင်အောက်ကို ပြန်ဆင်းလာတဲ့ ရိပေါ်ကို စိတ်ပျက်စရာ လူအချို့က ကြိုဆိုတယ်။

“ညီမလေးကတာ အရမ်းတော်တာပဲ၊ လာ လာ ကိုကြီးတို့နဲ့အတူတူ ထပ်ကရအောင်”

အရှေ့မှာလာပိတ်ဆီးနေတဲ့ ထိုအရက်မူးသမားတွေရဲ့ တဏှာစိတ်များပြည့်လျှမ်းနေသော စိတ်ပျက်စရာ အသံကြီးက...ရိပေါ် နားထဲ ငှက်ဆိုးထိုးသံအလား၊ သူတို့ဆီက ရတဲ့အနံ့ကလည်း သိပ်ကိုအော်ဂလီဆန်စရာကောင်းလွန်းလို့ နေရာမှာတင်အန်လိုက်ချင်ရဲ့။

LᴏVᴇ DᴇVᴏTɪOɴ ❤️(Completed)Where stories live. Discover now