LD-P49|ချီရှီးရဲ့ဒဏ္ဍာရီအောက်က သတို့သားလောင်းနှစ်ယောက်ရဲ့ညလေး[Edited Version]

7.8K 485 58
                                    

                            
#unicode

အခန်း(၄၉)| ချီရှီးရဲ့ဒဏ္ဍာရီအောက်က သတို့သားလောင်းနှစ်ယောက်ရဲ့ညလေး

ကောင်းကင်မှာ နွားကျောင်းသားကြယ်နဲ့
ရက်ကန်းသမကြယ် ပေါင်းဖက်ခွင့်ရတဲ့ ညဖြစ်သလို မနက်ဖြန်ဆိုရင်ပဲ မင်္ဂလာသေရည်သောက်သုံးရတော့မယ့် သတို့သားနှစ်ဦးဟာလည်း သံလိုက်အိမ်မြောင်လို ဆွဲငင်နေမလားဆိုတာကတော့ ကာယကံရှင်တို့သာ အသိဆုံးဖြစ်ပါလိမ့်မယ်လေ....!!!

***

အရာအားလုံးအဆင်ပြေခဲ့တယ်...။ နှလုံးအစားထိုးခွဲစိတ်မှုလည်းအောင်မြင်ခဲ့တယ်..။ အစပိုင်းက ကျွန်‌တော့်ဆုံးဖြတ်ချက်ကို မားတို့က တားခဲ့ကြပေမဲ့လို့ပေါ့။ ဘာလို့ဆို အောင်မြင်ဖို့ရာခိုင်နှုန်းက 0%တောင်မရှိဘူးလေ... သက်ရှိထင်ရှားရှိ‌နေတဲ့ အလှူရှင်ဆီကနေ နှလုံးယူပြီး အစားထိုးခွဲစိတ်ဖို့ဆိုတာ လုံး၀မဖြစ်နိုင်တဲ့ case တစ်ခုမဟုတ်ပါလား...? အမှန်တရားက ကျွန်တော်သေမှပဲ ရမှာ..! ဒါကြောင့် မားတို့က တားခဲ့တာလည်းမဆန်းပါဘူး..!! မားဆို ခေါင်းမာတဲ့ ကျွန်တော့်ကြောင့် အိပ်ယာထဲတောင် လဲသွားခဲ့တဲ့အထိပဲ..!

အလှူရှင်ရှာကြည့်ပါဦးမယ်ဆိုပေမယ့်... ခေါင်းမာတဲ့ ကျွန်တော်က ကိုယ်ချစ်တဲ့သူအတွက် အရာအားလုံးကို ကိုယ်တိုင်ပေးချင်တဲ့အမျိုး... ကျွန်တော့်အသက်ကိုတောင် စွန့်လွှတ်ဖို့ အခိုင်အမာဆုံးဖြတ်ပြီးသား...! အဓိကက ကျွန်တော်ချစ်တဲ့သူ အသက်ရှင်ရင်ရပြီ။ ဘာမှမလိုဘူး..!အချိန်လည်း ကြံ့ကြာမှာစိုးတာကတစ်ကြောင်း၊ အချိန်တွေကြံ့ကြာသွားရင် ကလေး အသက်အန္တရာယ်ပဲ ထိခိုက်မှာလေ... ခွင့်မပြုနိုင်ပါဘူး...။ ကိုယ်ချစ်တဲ့သူရဲ့အသက်လောက် အရေးကြီးတာဘာမှမရှိဘူး။ အထူးသဖြင့် ကျွန်တော့်အသက်တောင် ကလေးနဲ့ယှဉ်ရင် အရေးမကြီးဘူး။

သို့ပေမယ့်လည်း...သတ်မှတ်ရက်အတွင်း အစားထိုးခွဲစိတ်နိုင်ဖို့ ခန္ဓာကိုယ် စစ်ဆေးမှုပြုလုပ်မယ့်ရက်မှာပဲ ကံကောင်းထောက်မစွာ အလှူရှင်ပေါ်လာခဲ့တယ်...။ အဲ့အလှူရှင်က မသေခင်ကတည်းက ဒီဆေးရုံမှာ အတွင်းကလီစာတွေလှူခဲ့တာတဲ့လေ။ ကိုယ်ချစ်တဲ့ကလေးကို ကိုယ်တိုင် အသေခံပြီး နှလုံးသားမပေးရပေမယ့်လည်း.. သူ့ဘေးနားမှာ အသက်ရှင်လျက်နေနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်လေးကြောင့် အဲ့အလှူရှင်ကို စိတ်ရင်းအမှန်နဲ့ ကျေးဇူးတင်ပါတယ်ဗျာ...။

LᴏVᴇ DᴇVᴏTɪOɴ ❤️(Completed)Where stories live. Discover now