#unicode
အခန်း(၃၂)| အလုံထုတ်သားအဖနှစ်ယောက်ကို ပေကျင်းကိုခေါ်လာခဲ့ပြီ
"ကလေးနဲ့အတူတူ ကိုကိုအိပ်လို့ရမလားဟင်"
***
ရှည်လျားတဲ့အနမ်းတွေ အဆုံးသတ်တဲ့နောက်မှာတော့ နှစ်ယောက်သားဟာ နီးလွန်းနေတဲ့ ခန္ဓာကိုယ်နှစ်ခုကို ဖယ်ခွာကြတယ်။ ရှောင်းကျန့်ရဲ့လက်တွေက ရိပေါ်ပုခုံးထက်မှာနေရာယူပြီး မျက်ဝန်းညိုတွေကို အလေးအနက်စိုက်ကြည့်ကာ...!
"ကလေး...ကိုကို့ကို မုန်းနေခဲ့လား..."
ရိပေါ်လည်း ရှောင်းကျန့်မျက်၀န်းတွေကို သေချာစိုက်ကြည့်ကာ လေးလေးနက်နက်ပြန်ဖြေတယ်။
"အမှန်တိုင်းပြောရရင် ကျွန်တော် ခင်ဗျားကို မုန်းချင်ခဲ့တယ်... ဒါပေမယ့်... မုန်းလို့မရခဲ့ဘူး"
မျှော်လင့်ချက်တွေသန်းသွားတဲ့ ရှောင်းကျန့်မျက်ဝန်းတွေနဲ့အတူ...
"ဒါဆို...ကိုကို့ကို ချစ်သေးတယ်ပေါ့..."
...မေးလာတဲ့ သူ့စကားကြောင့် ရိပေါ် ပြုံးမိတယ်။
"ကျွန်တော်မသိဘူး...ကျွန်တော် ကြောက်တယ်... ခင်ဗျားကို ထပ်ချစ်ရမှာ ကျွန်တော်ကြောက်တယ်"
...အထူးသဖြင့် ခင်ဗျားရဲ့မိသားစု၊ ခင်ဗျားရဲ့အသိုင်းအဝိုင်းကို ကျွန်တော်ကြောက်သွားတာ...
ဒီစကားကိုတော့ အသံတိတ်သာဆိုမိပါတယ်။
"ကိုကို ကတိပေးတယ်..! ကိုကို...ကလေးအနားက ထွက်သွားဖို့ဆိုတာ ဒုတိယအကြိမ်ရှိလာမှာမဟုတ်ဘူး... ကောင်းကင်ကိုတိုင်တည်ပြီး ကျိန်ဆိုတယ်"
လက်သုံးချောင်းထောင်လာပြီး ကတိပြုလာတဲ့ရှောင်းကျန့်။ ရိပေါ်က ရှောင်းကျန့်လက်ကိုကိုင်ကာ ပြန်ချစေပြီး...
"ခင်ဗျား ကတိတစ်ခုကို လွယ်လွယ်နဲ့မပေးသင့်ဘူး....!!"
"ကိုယ့်ကို မယုံကြည်တော့ဘူးလား"
"ယုံကြည်စေချင်ရင် လက်တွေ့နဲ့ပဲသက်သေပြတော့...!"
"ကောင်းပြီ!"
![](https://img.wattpad.com/cover/217654819-288-k534491.jpg)
YOU ARE READING
LᴏVᴇ DᴇVᴏTɪOɴ ❤️(Completed)
FanfictionUnicode+ Zawgyi ZSWWSZD ✔️ [50parts+ 6extra] #Unicode ခရမ်းပွင့်ရောင် lilac ပန်းတွေရယ်... ကိုကို့ နာမည်လေးထွင်းထားတဲ့... ပုဝါဖြူလွလွလေးရယ်.... ကိုကို ကြိုက်တဲ့ Green Tea လေးရယ်... ပြီးတော့ ကျွန်တော်တို့ရဲ့ကိုယ်ပွားလေးရယ်... #Zawgyi ခရမ်းပွင့်ရောင် l...