LD-P5|ရှောင်းကဝမ်ကိုကယ်တင်... [Edited Version]

9.3K 657 3
                                    

#unicode

|အခန်း(၅)| ရှောင်းကဝမ်ကိုကယ်တင်...

"...သားလေးနာမည်က ရှောင်း၀မ်တဲ့... အဓိပ္ပါယ်က ရှောင်းက ဝမ်ကို ကယ်ခဲ့တာ..."

***

ရှင်းယန်ဆိုသည့်သူ့ဘဝမှာ ငွေကသာ "ပ"၊ ငွေကသာ "ဒု"။ များစွာသော ငွေပေါင်းများစွာကသာ သူ့၏ကိုးကွယ်ရာ နတ်ဘုရားတစ်ပါးပင်ဖြစ်သည်။ ရှင်းယန်ဟာ ဖုန်းချပြီးတာနဲ့ မကြာတော့ခင်မှာပဲ ရောက်လာတော့မယ့် သူ့ရဲ့ရွှေရောင်လမ်းတွေကိုစဉ်းစားမိတော့ ကျေနပ်ခြင်းအပြုံးတစ်ခုက ပြေပြေလေး ပြေးခတ်သွားတယ်။ ခဏတာလေးဆိုပေမယ့် သေချာသာမြင်လိုက်မယ်ဆိုရင် မရဏတရားလိုအန္တရာယ်များ‌မှုတွေက အပြည့်အနှက်ပဲ။

ထို့နောက် စတီယာခုံက တပည့်ဖြစ်သူကိုလှမ်းပြောလိုက်ကာ....

"Company ကိုမောင်း ၀မ်ဟန်"

"ဟုတ်ကဲ့ပါ ဆရာ"

....ကားဘီးလုံးများကို Companyဆီရွေ့လျားစေတော့သည်။

***

ဘာလိုလိုနဲ့ ဝမ်ပေါက်စလေးတောင် လူ့လောကထဲကိုရောက်လာတာ ရက်ပေါင်းတစ်ရာပင်ပြည့်‌သွားခဲ့ပြီ။ ဒီသုံးလအတွင်း ပါးပါးပေါက်စလေးကတော့ ကလေးစောင့်ရှောက်နည်း သင်တန်းတွေကို မမောနိုင်၊မပန်းနိုင်နှင့် လှည့်ပတ်တက်ရောက်ခဲ့ပြီးတဲ့နောက်မှာတော့ ကလေးတစ်ယောက်ရဲ့တစ်နေ့တာကို ဆောင်ရွက်ပေးဖို့အတွက် ဆရာကျနေခဲ့ပြီဖြစ်တယ်။

ဟောက်ပက်သွားတဲ့ မျက်လုံးလေးတွေက သူ ဒီသုံးလအတွင်းမှာ တော်တော်လေး ပင်ပန်းခဲ့တာကို သက်သေပြနေ၏။ နဂိုကမှပိန်နေတဲ့ခန္ဓာကိုယ်လေးကလည်း တော်တော်လေးကျသွားခဲ့ပြီ။ ကလေးငယ်တစ်ယောက်ကို သူတစ်ယောက်တည်းပြုစုရတဲ့ ရိပေါ်ဟာ အတော်လေးပင်ပန်းနေခဲ့ပါပြီ။ ဒါပေမယ့် သူ မငြီးငွေ့သလို၊ မငြီးငြူမိပေ။ ကလေးဝေယျာဝစ္စတွေနဲ့သာ အချိန်ပြည့်နေတာကြောင့်... အတွင်းနှလုံးသားထံက သူ့ဒဏ်ရာဟောင်းကိုတောင် ဂရုမစိုက်မိ။ ရှောင်းကျန့်ဆိုတဲ့ ထိုနာမ်အားလည်း တနုံ့နုံ့တွေးတောရင်း နေ့ရက်တိုင်းနာကြည်းနေဖို့ရာ သူ့မှာအချိန်မရှိခဲ့ပါပေ။ ၂၄နာရီတိုင်းဟာ ‌သူ့သားအတွက်သာလျှင် ပုံအောထားခဲ့သည်။

LᴏVᴇ DᴇVᴏTɪOɴ ❤️(Completed)Where stories live. Discover now