LD-P23|Leo(လီယို)[Edited Version]

6.8K 497 20
                                    

#unicode

အခန်း(၂၃)|Leo(လီယို)

....အမှောင်ဆိုကြောက်တဲ့ရိပေါ်ဟာ ရှောင်းဝမ်လေးအိပ်မပျော်မှာစိုး၍ မီးပိတ်ပြီးသာအိပ်ခဲ့သည်မှာ ညတာတွေမနည်းတော့။ သူနဲ့မတူတဲ့ရှောင်းဝမ်လေးက မီးတွေအားလုံးမှိတ်မှ အိပ်ပျော်တတ်သည်မှာ တစ်စုံတစ်ယောက်နဲ့သွားတူနေ၏။....

***

အစည်းအဝေးခန်းမထဲ၌၊ projectorကိုအသုံးပြုပြီး အသစ်ထုတ်မယ့်productအတွက် ရှင်းပြနေတဲ့ CEOရှောင်းကျန့်။

“အခုက နွေဦးရောက်တော့မှာဆိုတော့ ပေါ့ပေါ့ပါးပါးနဲ့ သက်တောင့်သက်သာဖြစ်မယ့် ပုံစံမျိုးကို ဦးစားပေးထားတယ်။ တစ်ခြားပြိုင်ဖက် ကုမ္ပဏီတွေနဲ့ မတူအောင်လည်း Design ဆွဲထားတာကြောင့် ဝယ်ယူသူတွေရဲ့ စိတ်ကို ဆွဲဆောင်နိုင်လောက်တဲ့အထိ သူများတွေနဲ့လုံး၀ကွဲထွက်နေမယ်ဆိုတာ ကျွန်တော် ယုံကြည်တယ်။ အင်း... အဓိကအချက်ကတော့ ကုန်ကြမ်း...! ကုန်ကြမ်းအပိုင်းကို TeamBဖြစ်တဲ့ စီမံခန့်ခွဲမှုဒါရိုက်တာမစ္စတာရှင်းယန်[Managing Director Mr.XingYan]က တာ၀န်ယူပါလိမ့်မယ်။ ထုတ်လုပ်မှုနဲ့ ဖြန့်ချီရောင်းချရေးအပိုင်းကိုတော့ ကျွန်တော်ဦးဆောင်တဲ့ TeamAကတာဝန်ယူမှာပါ”

M.Dရှင်းယန်ကတော့ Londonမှာ ဥက္ကဌကြီး
ရှောင်းလုဖိန်အခေါ်ကြောင့် ဒီအစည်းအဝေးမှာတော့ရှိမနေခဲ့ပေ။

တစ်ဖန် CEOရှောင်းက clickလေးတစ်ချက်နှိပ်လိုက်ပြီး။

“အခုမြင်နေရတာက SAMPLEတွေပါပဲ...! လောလောဆယ်တော့ SAMPLEတွေကို စက်ရုံမှာ ထုတ်ပြီးသွားပါပြီ။ အစည်းအဝေးပြီးရင် ကိုယ်တာ၀န်ယူထားတဲ့အပိုင်းနဲ့ပတ်သတ်တဲ့ အချက်အလက်တွေကို ကျွန်တော့်အတွင်းရေးမှူးချီဖိန်ရှင်းဆီကနေတစ်ဆင့် လာပေးထားလိုက်ပါ။”

ထို့နောက် ပရိုဂျက်တာကိုကျောခိုင်းလိုက်ကာ...!

“ကဲ ဒါဆို ကိုယ့်ဘက်က သိချင်တာတွေ၊ဆွေးနွေးချင်တဲ့အပိုင်းတွေပြောလို့ရပါပြီ”

CEOရှောင်းရဲ့ခွင့်ပြုသံကြောင့် စတင်လာတဲ့ဆွေးနွေးသံ။

ဆွေးနွေးသူ(၁)- “JK ရဲ့  Summer fashion Magazine မျက်နှာဖုံးအတွက် ဘယ်သူ့ကိုအဓိကသုံးမှာလဲ? CEOရှောင်း”

LᴏVᴇ DᴇVᴏTɪOɴ ❤️(Completed)Where stories live. Discover now