#unicodeအခန်း(၄၄)| Touch me, Touch me
...ငါတို့စစ်ဆေးကြည့်တော့ မင်းဦးလေးငယ် ကိုင်ထားခဲ့တဲ့ သေနတ်က အခွံကြီး၊ ကျည်ဆံမပါဘူး... တစ်ကယ့် သေနတ်ပစ်တဲ့တရားခံက မင်းကို ဦးတည်တာမဟုတ်ဘဲ...
***
"ညနေလောက်ဆိုရင် ဆေးရုံကဆင်းလို့ရပါပြီ"
"ဖြစ်နိုင်ရင် အခုပဲ ဆင်းချင်ပြီ ဒေါက်တာရယ်"
ရှောင်းကျန့်ပြောလိုက်တဲ့သူက ဒေါက်တာဆိုပေမယ့် သူ့မျက်လုံးတွေကတော့ ရိပေါ်ဆီမှာသာ။ ရိပေါ်ကလည်း ဂုတ်ပိုးလေးကိုပွတ်လိုက်၊ သူ့ရဲ့အကျင့်တစ်ခုဖြစ်တဲ့ လျှာလေးကိုသပ်လိုက်နဲ့ ရှက်ကိုးရှက်ကန်းတွေဖြစ်နေပါတယ်။ ဒီနှစ်ယောက်ရဲ့ အခြေအနေကိုသိတဲ့ ဒေါက်တာက ချောင်းတစ်ချက်ဟန့်လိုက်ပြီး...
"အဟမ်း!! CEOရှောင်း နေ့လည်လောက်ကျရင် ချုပ်ရိုးကျက်မကျက်တစ်ချက်စစ်ဖို့ nurse လာခေါ်လိမ့်မယ်... သူနာပြုယင်း နောက်လူနာ ဆေးချိတ်ရမှာမလား"
ဆရာ၀န်က စမ်းသပ်စရာရှိတာစမ်းသပ်ကာ၊ မှာကြားစရာရှိတာမှာကြားပြီး ထွက်သွားသည်။ ဆက်နေလို့မဖြစ်၊ အဲ့VVIPအခန်းထဲ ကြာကြာသာရှိနေရင် ဆရာ၀န်ကို ဘေးချပြီး အကြည်စိုက်နေတဲ့ အချစ်ငှက်နှစ်ကောင်ကြောင့် ဒီက ဆရာ၀န်လူပျိုကြီး သွေးအန်ရချည်ရဲ့...!!
ဆရာ၀န်လည်းထွက်သွားရော ရှောင်းကျန့်က ရိပေါ်ကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်တာဆိုတာ လေအလျင်လိုပဲ။
"ကိုကို ဘာလုပ်တာလဲ လွှတ်ဗျာ... သူများတွေမြင်ကုန်တော့မှာပဲ... ရေလည်းမချိုးရသေးဘဲနဲ့... ကိုကို့အနံ့က...ဟွန့်"
"ဟောဗျာ...အခုတော့ ကိုကို့ကို ညစ်ပတ်တယ်လို့ပြောပြီပေါ့လေ...ဟုတ်လား"
"အာ....မဟုတ်လို့လား"
"အဲ့ဒါဆို...ကိုကို့ကို မချစ်တော့ဘူးပေါ့"
"အင်း မချစ်ဘူး"
"ချစ်ပါ"
"ချစ်ဘူး"
"ချစ်ပါဆို"
"ချစ်ဘူးဆို"
"ချစ်ဆို"
YOU ARE READING
LᴏVᴇ DᴇVᴏTɪOɴ ❤️(Completed)
FanfictionUnicode+ Zawgyi ZSWWSZD ✔️ [50parts+ 6extra] #Unicode ခရမ်းပွင့်ရောင် lilac ပန်းတွေရယ်... ကိုကို့ နာမည်လေးထွင်းထားတဲ့... ပုဝါဖြူလွလွလေးရယ်.... ကိုကို ကြိုက်တဲ့ Green Tea လေးရယ်... ပြီးတော့ ကျွန်တော်တို့ရဲ့ကိုယ်ပွားလေးရယ်... #Zawgyi ခရမ်းပွင့်ရောင် l...