LD-P42|အချစ်ရဲ့ဆွဲအားကြောင့်...[Edited Version]

7.6K 623 42
                                    

#unicode

အခန်း(၄၂)| အချစ်ရဲ့ဆွဲအားကြောင့်...

"အချစ်စစ်တို့လမ်း ဖြောင့်ဖြူခြင်းမရှိဘူးတဲ့...
ဘယ်လောက်ပဲကြမ်းတမ်းနေပါစေ... တစ်ယောက်ပေါ် တစ်ယောက်ထားတဲ့ အချစ်စစ်မှန်ရင် အခက်အခဲတွေ ‌အလွယ်တကူ ကျော်လွှားနိုင်မှာပါ...!!"

***

လွန်ခဲ့သောတစ်နာရီခန့်လောက်က...

At 7:00am

"ရိပေါ်...သားလေး နိုးလာပြီလား...?"

ညကတည်းက နှလုံးခုန်နှုန်းပုံမှန်ပြန်ဖြစ်လာတာကြောင့် အောက်ဆီဂျင်ပိုက်ကတော့ မရှိတော့ပေ၊ ညကတည်းက ဖြုတ်သွားခဲ့နှင့်ပြီးပြီ။

"ဟုတ်...မားက ဘယ်လိုဖြစ်ပြီး ဒီကိုရောက်နေတာလဲ? ပြီးတော့... ကျွန်တော်ကလည်း ဒီကို ဘယ်လို..."

သတိရလာတဲ့ ရိပေါ်ကြောင့် ရှောင်းမားမှာ တစ်ခုစိတ်အေးရသည်။

"ညက သား သတိမေ့သွားလို့လေ...မား လာစောင့်ပေးတာ"

သူမက ရိပေါ်ရဲ့ လက်ကလေးကို သူမရဲ့လက်ဖဝါးနှစ်ခုကြားမှာ ဆုပ်ထွေးလာပြီး...

"ကျေးဇူးပါနော် သား..."

ရုတ်တရက်ကြီး ကျေးဇူးတင်လာတဲ့မားက အရည်လဲ့နေတဲ့ မျက်ဝန်းအိမ်တွေနှင့်။

"မားက ဘာကို..."

"ရှောင်းဝမ်လေးကို မားရဲ့မြေးလေးဖြစ်ခွင့်ပေးလို့... သားကိုကျေးဇူးတင်တာပါ... အားကျန့်ပြောပြလို့ မား အကုန်လုံးသိပြီးပြီ သား!! ဒီအတောအတွင်း ကလေးကို သားတစ်ယောက်တည်း ပျိုးထောင်ခဲ့ရတာ ပင်ပန်းသွားပြီ"

မားပြောမှ ရှောင်းဝမ်လေးကို အမှတ်ရသွားသူ။

"ရှောင်းလေး...ကျွန်တော် ရှောင်းလေးဆီသွားရမယ်...ရှောင်းကျန့်...သူ..သူ..သားလေးဆီ သွားတာမလား..? မား သိတယ်မလား ရှောင်းလေး ရှောင်းလေး ဘယ်မှာလဲဆိုတာ"

ဘယ်ဘက်လက်ဖျံကြောမှာ ထိုးသွင်းထားခံရတဲ့ ဆေးပိုက်ကို ဆွဲဖြုတ်ကာ လူနာကုတင်ပေါ်မှ ဆင်းမယ်လုပ်တော့...

"ရိပေါ်...သားက အခုကောင်းသေးတာမဟုတ်ဘူးလေ...အားကျန့်ကို ယုံလိုက်ပါ!! သူ ရှောင်းလေးကို ဘေးကင်းကင်းနဲ့ ပြန်ခေါ်လာလိမ့်မယ်"

LᴏVᴇ DᴇVᴏTɪOɴ ❤️(Completed)Where stories live. Discover now