LD-P21|ဒုတိယရှင်သန်ခြင်း[Edited Version]

6.4K 528 13
                                    

#unicode

|အခန်း(၂၁)| ဒုတိယရှင်သန်ခြင်း

“ငါ့အသွေးအသားကိုသတ်ပစ်ရလောက်အောင်အထိ ငါလူစိတ်မကင်းမဲ့သေးပါဘူး... ဒီကလေးလေးက ငါ့ဘဝရဲ့ဒုတိယရှင်သန်ခြင်းပဲ”

***

နောက်မှီပါတဲ့ထိုင်ဖုံပေါ်မှာ ကျောမတ်မတ်ထိုင်နေပါတဲ့ အမျိုးသမီးကြီးက ‌ဂု‌ဏ်သိက္ခာနဲ့မာနတရားတွေကို ခြုံလွှမ်းထားတယ်။

“မင်္ဂလာပါ အန်တီ”

ရိပေါ်နှုတ်ဆက်လိုက်ပေမယ့် ထိုအမျိုးသမီးကြီးက စကားပြန်မလာခဲ့၊ လက်ဟန်အမူအရာနဲ့ ထိုင်ဖို့ရာညွှန်တယ်။

“မင်း ဘယ်လောက်လိုချင်တာလဲ”

တိတ်ဆိတ်ခြင်းမှာထွက်ပေါ်လာတဲ့သူမအသံက သိပ်ကိုရှင်းလင်းပြတ်သားတယ်။

“ဗျာ”

ဒါကို မကြားလိုက်သလိုသံယောင်ထပ်တဲ့ကောင်လေးက သူမကို နောက်တစ်ခေါက်ထပ်ပြောစေချင်ပုံပဲ။ ရိုးအချင်နေယောင်ဆောင်နေတဲ့ကောင်လေးကြောင့် လက်သည်းရှည်တွေရှိတဲ့လက်ချောင်းတွေနဲ့ကာရံပြီး သဲ့သဲ့လေးရယ်လာတယ်။

“ရိုးအချင်ယောင်ဆောင်မနေစမ်းပါနဲ့ ကောင်လေးရဲ့... ဒီမယ် မင်းလိုချင်သလောက်ဖြည့်ဆည်းပေးနိုင်မယ့် black card!!”

သူ့အရှေ့ကို Black cardတစ်ခု ပစ်ပေးလိုက်သည့် ရှောင်းကတော်။

“အန်တီ...ဒီလိုလုပ်တာ ကျွန်တော့်သိက္ခာကိုစော်ကားလိုက်တာပဲ”

“ဘာလဲ နည်းတယ်ထင်လို့လား...? ဟက်..ဒါက Black cardနော်”

“ကျွန်တော် ကိုကို့ကိုချစ်တာ ဘာမက်မောခြင်း တစ်စုံတစ်ရာမှ မပါဘူး...အန်တီ ကျွန်တော့် အချစ်ကို မစော်ကားနဲ့...ကျွန်တော့်မှာလည်း လူတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ ဂုဏ်သိက္ခာ၊ မာနဆိုတာရှိတယ်”

“ဟဟဟ သိပ်ရယ်ရတာပဲ...မင်းလို ဘာအဆင့်အတန်း၊ ဘာအာဏာမှမရှိတဲ့လူက သိပ်လေကြီးလေကျယ်နိုင်လိုက်တာ ဟားဟား...တေလေဂျပိုးမိဘမဲ့ကောင်ကများ”

*ဒုန်း*

“အန်တီ မလွန်လာပါနဲ့...!!!”

တရားလွန်လာတဲ့ ကိုကို့မားရဲ့စကားတွေကြောင့် ထိုင်နေရာမှ စားပွဲကိုဒုန်းခနဲထုလိုက်ကာ ထရပ်လိုက်သည်။

LᴏVᴇ DᴇVᴏTɪOɴ ❤️(Completed)Donde viven las historias. Descúbrelo ahora