Extra Ending ❤️💚

3.9K 157 19
                                    

#unicode

Love Devotion ❤️
⟨⟨full of love in our own Paradise⟩

[Sex in cosplay]

ဤသို့နှင့် ကျောင်းနှစ်ကုန်ပွဲနေ့ ရောက်လာခဲ့သည်။ ရှောင်းဝမ်ရဲ့ မျက်နှာပေါ်ကဒဏ်ရာတွေကလည်း အတော်လေး အရောင်ကျသွားသည်မှာ မရှိသလောက်ကုန်စင်သွားခဲ့ပြီ။ လက်နဲ့ ဒူးခေါင်းမှာ အမာရွတ် မဆိုစလောက်လေးတွေသာ ကျန်နေခဲ့သည်ကလွဲလို့။

ဒယ်ဒီက ကိစ္စမရှိပေမယ့် ပါးပါးကို နည်းနည်းပါးပါး ဂျီတိုက်ပြီးမှ ဒီပွဲမှာ ကဖို့ဖြစ်လာခဲ့တာ။

စင်အနောက်တွင်...!

"ဟို.... မင်း ဒဏ်ရာတွေ သက်သာရဲ့လား... ဟို............."

"အင်း"

"ဟင်း..... ရှောင်ရှောင်းဝမ် အဲ့နေ့ကကိစ္စအတွက် ငါ လေးနက်စွာနဲ့ ထပ်ပြီး တောင်းပန်ပါတယ်.... ငါလည်း နောင်တရနေပါပြီ..."

"......."

ရှောင်းဝမ်ရဲ့ မျက်လုံးတွေက မယုံသင်္ကာနဲ့ မျက်ခုံးပင့်ကြည့်လာတာမို့။

"ငါတစ်ကယ်ပြောတာ..."

"အင်း... ဒါပဲမလား"

ရှောင်းဝမ်က သူ့အလှည့်ရောက်လာတော့မှာမို့ လိုတိုရှင်းပြောပြီး Roomထဲမှထွက်သွားမည်အပြု။

"ဟို ငါလေ မင်းနဲ့ သူငယ်ချင်းလုပ်လို့ရလား... ငါ ကတိပေးတယ် နောက် ဘယ်တော့မှ ငါ မင်းကို ကိုယ်အမူအရာနဲ့ရော နှုတ်အမူအရာနဲ့ရော အနိုင်မကျင့်တော့ဘူးလို့"

လေထုထဲ ခဏလောက်တိတ်ဆိတ်သွားပြီးကာမှ.... ရှောင်းဝမ်ရဲ့ အသံကြည်ကြည်လေးက ထွက်လာတယ်။

"ကောင်းပြီလေ ငါလည်း မင်းနဲ့ သူငယ်ချင်းဖြစ်ကြည့်ချင်ပါတယ်"

ထိုနေ့ အတန်းပေါင်းစုံ ကပွဲပ‌ဒေသာအစီအစဉ်မှာတော့ အတောက်ပဆုံးဖြစ်ခဲ့တာက ဝမ်ရိပေါ်ရဲ့ အနုပညာစွမ်းရည်တွေကို ဆက်ခံထားတဲ့ ရှောင်းဝမ်သာဖြစ်တယ်။

အသက်အရွယ်နဲ့မလိုက်အောင် စင်ပေါ်မှာ ကပြသွားတာက တစ်ကယ့် စူပါစတားတစ်ယောက်အတိုင်းပဲ။ ဒီပွဲမှာ ရှောင်းဝမ်ဟာ နဂိုထက်ပိုပြီး စန်းပွင့်သွားသည်မှာ ဟိုးလေးတကျော်ပါပဲ။ ပွဲလာဧည့်မိဘတွေရဲ့ လက်ခုပ်သံတွေကလည်းတဖြောင်းဖြောင်း သော‌သောညံနေလျက်ပဲ‌လေ။

LᴏVᴇ DᴇVᴏTɪOɴ ❤️(Completed)Where stories live. Discover now