LD-P18|"အချစ်ဦး၊ ထာဝရရှင်သန်ပါစေ" [Edited Version]

6.4K 481 15
                                    

#unicode

|အခန်း(၁၈)|"အချစ်ဦး၊ ထာဝရရှင်သန်ပါစေ"

ခရမ်းရောင်lilacပန်းတွေက ပထမဆုံးအချစ်၊ အချစ်ဦးကို ကိုယ်စားပြုတယ်ဆိုရင်... ဒီပထမဆုံးအချစ်ကိုဖွင့်ဟရာမှာ သက်သေပြုပေးခဲ့ကြတဲ့ ခရမ်းရောင်Wisteriaပန်းတွေက ဘယ်တော့မှမသေဆုံးခြင်း၊ မပျောက်ပြယ်ခြင်းဆိုတဲ့အဓိပ္ပါယ်ကို ကိုယ်စားပြုတယ်။ ရှောင်းကျန့်ရည်ရွယ်တဲ့ ဒီပထမဆုံးအချစ်လေးက ဘယ်တော့မှသေဆုံးပျောက်ပြယ်သွားမှာမဟုတ်ဘူး။ ခန္ဓာကသေဆုံးသွားမယ်ဆိုရင်တောင်မှ Wisteriaပန်းတွေက နွေဦးရဲ့လေညှင်းတွေနဲ့အတူ အသက်ဝိဉာဉ်လေးရှိနေမယ့် lilacပန်းလေးကို ထိန်းသိမ်းပေးထားမှာပင်။

***

ထို့နောက် ဦးတည်ရာဂျယ်လီတုံးလေးဆီသို့ ထိကပ်တော့မယ့်အချိန်.... အခန်းတစ်ခုလုံး ဖြတ်ခနဲ မီးတွေ ထိန်လင်းသွားသည်။ အရေးကောင်းဆို အနှောင့်တွေကပေါ်လာစမြဲ။

မီးတွေထိန်လင်းသွားတဲ့အခါ ကွင်းကွင်းကွက်ကွက်ပေါ်လာတဲ့အခြေအနေကြီးက သွေးသား‌တစ်ခုလုံးအား ပိုလို့ကာလို့ပူလောင်စေသည်။ ပြောင်းလဲလာတဲ့ပူလောင်မှုနဲ့အတူ ရိပေါ်ဟာ ဒီအခြေအနေကြီးကနေလွတ်မြောက်ဖို့ရာ ရှောင်းကျန့်ကို တွန်းဖယ်လို့၊ ကိုယ်ပေါ်မှ အလျင်အမြန် ခုန်ဆင်းကာ အခန်းထဲ ပြေး၀င်သွားတော့သည်။

ဧည့်ခန်းထဲမှာကျန်ခဲ့တဲ့ ယုန်ကြီးကတော့ ပါးစပ်ထဲရောက်တော့မယ့် မုန်လာဥကို သဲနဲ့အပတ်ခံလိုက်ရသလိုဖြစ်သွားတာကြောင့် ဆူထော်လာတဲ့နှုတ်ခမ်းကြီးနဲ့အတူ ပြန်လာတဲ့မီးကိုသာ ပယ်ပယ်နယ်နယ်ကျိန်ဆဲရင်းကျန်ခဲ့သည်။

ရှောင်းကျန့်- နဂိုကတည်းကမှ ဒီကောင်လေးနဲ့ တွေ့ရင် စိတ်မထိန်းနိုင်ပါဘူးဆို... အခုတော့ တစ်အိမ်ထဲတူတူနေရမှာတဲ့လား?

ရိပေါ်- မဖြစ်ဘူး မဖြစ်ဘူး!! ငါ အိမ်အသစ်မြန်မြန်ရှာမှဖြစ်မယ်။ ဒီအတိုင်းသာဆိုရင်တော့... အိစ်...မတွေးရဲစရာ!!

အဲ့နေ့ည၊ အိမ်တစ်ခုထဲမှာပထမဦးဆုံးရှိ‌နေခဲ့တဲ့ သူတို့နှစ်ယောက်။ နံရံတစ်ခု၊ တံခါးတစ်ခုခြားနေခဲ့တဲ့သူတို့နှစ်ယောက်ဟာ အတွေးတွေကိုယ်စီနဲ့ ရင်ထဲကလှိုင်းတံပိုးတွေ ကိုယ်စီရိုက်ခတ်နေခဲ့ကြတယ်။

LᴏVᴇ DᴇVᴏTɪOɴ ❤️(Completed)Where stories live. Discover now