LD-P27|ငါတို့နှစ်ယောက် ထီးအတူတူဆောင်းမိသွားတယ်။[Edited Version]

6.9K 518 29
                                    

#unicode

အခန်း(၂၇)| ငါတို့နှစ်ယောက် ထီးအတူတူဆောင်းမိသွားတယ်။

ညို့မှိုင်းနေတဲ့ကောင်းကင်ရယ်...၊  မိုးစက်တွေကိုဖွဲကျစေတဲ့ အဖြူရောင်ထီးလေးတစ်ချောင်းအောက်က ကောင်လေးနှစ်ယောက်ရယ်၊ ပြီးတော့... သူတို့ရဲ့အိမ်အပြန်လမ်းရယ်...။

***

စားပြီးသောက်ပြီး ငွေရှင်းချိန်‌တွင်;

"နေ နေ နေ... ကိုယ်ပဲရှင်းလိုက်မယ်"

ငွေရှင်းဖို့ကဒ်ထုတ်နေတဲ့ရိပေါ်ကို ပြာယာခတ်စွာတားလာတဲ့ရှောင်းကျန့်ကြောင့်...

"ပြီးရောလေ..."

...ထုတ်လက်စကဒ်ကိုပြန်ထည့်လိုက်သည်။

"How much does it all cost?"

ကိုရီးယားစကားမတတ်တဲ့‌ ရှောင်းကျန့်က ကျွမ်းကျင်ရာအီးစကေး(ESkill)ကိုအသုံးပြုပြီး လက်ဟန်အမူအရာ(manner)ပါသုံးကာ ဝိတ်တာမလေးကို မေးလိုက်ခြင်းပေ။

"yeogiiss-eo(ဒီမှာပါရှင့်)"

ဝိတ်တာမလေးပေးတဲ့ ဘောက်ချာစာရွက်လေးကိုကြည့်လိုက်ပြီး...ဘောင်းဘီ အိတ်ကပ်ထဲနှိုက်လိုက်ပေမယ့်!

...ဟမ်..ဘယ်ရောက်သွား...အဲ.. ရှိမှာပါ ထွက်လာစမ်း! ထွက်လာစမ်း...! အင်း ဒီဘက်မရှိရင် ဟိုဘက်...

ဘောင်းဘီ အိတ်ကပ်ထဲ ဟိုနှိုက်ဒီနှိုက် ရှာနေသော်လည်း ပိုက်ဆံအိတ်လေးကမူ ထွက်မလာချေ။ ကြာတော့ ချွေးတွေတောင်ပြန်လာသလိုလို...!

'ကွဲပြီဟေ့ ကွဲပြီ ရှိသမျှအရှက်တွေအကုန်ကွဲပြီ... အား!! စီးအီးအိုကြီးဖြစ်ပြီးတော့...'

တစ်ယောက်တည်း ပါးစပ်က ပွစိပွစိလုပ်ကာကမ္ဘာတွေပျက်လျက်နှင့်ဖြစ်နေတဲ့ရှောင်းကျန့်ကို ကြည့်ပြီး ရိပေါ်တစ်ယောက် စိတ်ထဲမှာ အကြီးကြီးအော်ရယ်နေပေပြီ။

ဟိုရှာလည်းမတွေ့၊ ဒီရှာလည်းမတွေ့သည်မို့ နဖူးကချွေးစလေးတွေကိုခါထုတ်လိုက်ကာ မိမိရှေ့ကရိပေါ်ကို ဟီးခနဲတစ်ချက်ရယ်ပြပြီး...!

LᴏVᴇ DᴇVᴏTɪOɴ ❤️(Completed)Where stories live. Discover now