LD-P31|အဖြစ်မှန်မှာ အမုန်းတရားတွေဟာကွာကျတယ်...[Edited Version]

7.5K 613 24
                                    

#unicode

အခန်း(၃၁)|အဖြစ်မှန်မှာ အမုန်းတရားတွေဟာကွာကျတယ်...

အမုန်းတရားတွေကွာကျပြီး၊ လွမ်းဆွတ်ခဲ့ရခြင်းတွေအတွက် ပြန်လည်ဆုံတွေ့မှု နှုတ်ဆက်အနမ်းတွေကို ရိပေါ်ဘက်က စတင်တယ်။ မျက်ရည်တွေဟာအပြန်အလှန်စိုစွတ်နေပြီး အနမ်းတွေဟာ ရှည်လျားစွာ။

***

လင်းထိန်သွားတဲ့ အခန်းလေးကနေ ပေါ်လာတဲ့ မြင်ကွင်းကြောင့် သူ့ပါးစပ်အဟောင်းသားဖြစ်သွားရ‌ပါတော့သည်။ အခန်းရဲ့နံရံပေါ်မှာ သူ အထက်တန်းတက်တုန်းက ပုံရိပ်တွေ...။ အပြုအမူသေးသေးလေးကအစ...၊ သူကိုယ်တိုင်တောင် မမှတ်မိနိုင်တော့တဲ့ အချိန်တွေကို ဓာတ်ပုံတွေအဖြစ် ဖမ်းယူထားတယ်...။ သူ တစ်ပုံချင်းစီကို မှင်သက်စွာထိတွေ့ပြီး ကြည့်နေမိတယ်...။

သူဟာ အထက်တန်းတုန်းက အနေအေးတဲ့သူဖြစ်ကြောင်း ထိုပုံတွေက ဖော်ပြနေလျက်ပေ။ တစ်ခါတလေ စာကြည့်တိုက်မှာ GreeTeaလေးသောက်ပြီး စာကြည့်မျက်မှန်လေးတပ်ကာ စာအုပ်လေးဖတ်နေတဲ့ ပုံရိပ်တွေ...၊ နားချိန်တွေဆို အတန်းထဲမှာ နားကြပ်လေးတပ်ကာ ခုံပေါ် ခေါင်းလေးတစ်ခြမ်းစောင်းပြီး အိပ်နေတဲ့ ပုံရိပ်တွေကအစ...၊ အထက်တန်းအောင်တော့ ကျောင်းအောင်လက်မှတ်ပေးပွဲတုန်းက ပုံရိပ်အချို့တွေရယ်...!! ဤသို့၊ ဤသို့...သူ့ရဲ့ ငယ်ရွယ်မှုအချိန်တွေဟာ နံရံပေါ်မှာ မှတ်တမ်းတင်ချိတ်ဆွဲခံထားရတယ်...။

"ဒါတွေက...??"

ထိုပုံတွေရဲ့ အလယ်မှာတော့ သူနဲ့ရိပေါ်ရဲ့ နှစ်ယောက်ပုံ ပိုစတာအကြီးကြီးဟာနေရာယူလို့။

ပိုစတာထဲကပုံရိပ်က......ဆဲလ်ဖီ(selfie)ပုံတစ်ပုံ။ ဖုန်းကင်မရာနဲ့ရိုက်ခဲ့ပုံရတဲ့ အနှီဆဲလ်ဖီပုံက ရှောင်းကျန့် ဦးဆောင်ခဲ့တာ။

"ကိုကို ဒီnight viewလေးက သိပ်လှတာပဲ... ကိတ်မုန့်လေး ပုံမပျက်သေးခင် ကျွန်တော်တို့ တစ်ပုံလောက်ရိုက်သင့်တယ်..."

ရိပေါ်က အပြာရောင်ကိတ်မုန့်လေးကိုင်ပြီး ရှောင်းကျန့်ပါးကို သူ့နှုတ်ခမ်းလေးတွေနဲ့ နမ်းနေပြီး...၊ ‌ရှောင်းကျန့်ကတော့ ရိပေါ်ကို မျက်ဝန်းစိုစိုတွေနဲ့စိုက်ကြည့်နေတာ။ ပိုစတာကြီးထဲက ပုံရိပ်မှာ သူတို့နှစ်ယောက်စလုံးရဲ့အကြည့်တွေဟာ ကင်မရာလုံးဝရှိမနေခဲ့ပေ။

LᴏVᴇ DᴇVᴏTɪOɴ ❤️(Completed)Where stories live. Discover now