lD-p10|ခြောက်နှစ်တာရင်ခုန်သံဟာလတ်ဆတ်နေပါဆဲ[Edited Version]

7.2K 537 8
                                    

#unicode

|အခန်း(၁၀)|ခြောက်နှစ်တာရင်ခုန်သံဟာလတ်ဆတ်နေပါဆဲ

...ရိပေါ်ဆိုတဲ့ သူ့ရဲ့နှလုံးသားက ရှောင်းကျန့်အတွက်ပဲ သီးသန့်ဆန်ဆန် ဖြစ်တည်လို့သွားချင်တာ။ ထာဝရ၊ အမြဲတမ်းထာဝရအတွက် ရည်ရွယ်ရင်း၊ ရှင်သန်မှုတစ်လျှောက်လုံး ပထမဆုံးသဘောကျမှုလေးအပေါ် သစ္စာရှိနေချင်တာ။ ဒါလေးက တစ်ဖတ်သတ်ဆန်တဲ့သဘောကျမှုဖြစ်နေရင်တောင် ကိစ္စမရှိပါဘူးလေ။...

***

"ဟျောင့်! ဟျောင့်!! ဖြေးဖြေးသောက်ပါဟ... မင်းဆီက ဘယ်သူမှရေလုမသောက်ပါဘူး"

ခုနက ဖြစ်ပျက်သွားတဲ့အခြေအနေအပြီးမှာ အတန်းချိန်တောင်ဆက်မတက်နိုင်တော့။ အဆောင်ပြန်ရောက်ကတည်းက ရေတွေချည်းလှိမ့်သောက်နေတဲ့ ရှောင်းကျန့်။ သဲသောင် ကန္တာရတစ်ခုက နာရီပေါင်းများစွာလျှောက်လာရတဲ့ လူလိုပဲ။ ဘယ်ဘဝကတည်းက ရေငတ်‌ပြတ်နေတာလဲပင်မသိ။

အနည်းဆုံး 400ml ရှိတဲ့ရေနှစ်ဘူးသောက်လို့အပြီးမှာတော့ ဆက်မသောက်နိုင်‌တော့ပေ။ ဗိုက်ကြီးကယ်သွားပေပြီ။ မတအားသဖြင့်သောက်တုန်းကသောက်ပြီး အခုမှ ရင်ဘတ်ကြီးကိုင်ကာ ‌'ဟောဟဲ၊ဟောဟဲ' နှင့် တစ်ယောက်တည်းအသက်လုရှူနေရတဲ့သူ့အဖြစ်က ငါးတစ်ကောင် ကမ်းပေါ်တင်လာသလိုပဲ။

အမြင်ကပ်ပုဒ်မချီပြီး တမင်ရွဲ့မေးလိုက်တဲ့ဟောက်ရွှမ်းက မျက်ဖြူလှန်လိုက်ရင်း။

"ဘယ်လိုလဲ...သေပလား??"

ပုံမှန်အတိုင်းအဆင်ပြေသွားပြီဖြစ်တဲ့ ရှောင်းကျန့်ကလည်း စကားပြန်ပက်ဖို့မဆိုင်း။

"နင့်မေကြီးတော်ကို သေပါ့လား??"

ဟောက်ရွှမ်းကို လက်ခလယ်လှလှလေးထောင်ပြရင်း၊ ရှောင်းကျန့်က ရေတွေနဲ့ကယ်သွားတဲ့ဗိုက်ကြီးကိုသယ်ကာ နှစ်ဆင့်ကုတင်အောက်ထပ်ကသူ့အိပ်ယာလေးပေါ်လှဲချလိုက်တယ်။ ကုတင်အရင်းကိုမှီကာ လက်ပစ်အုံးထားရင်း။ ဟောက်ရွှမ်းကတော့ စားပွဲနားကခုံ‌တစ်ခုဆွဲယူရင်း နောက်ပြန်ထိုင်ကာ။

"ပြောပါဦး...မင်းကွေးသွားတဲ့အကြောင်းလေး..."

"ချီးကို မင်း ကွေးပါ့လား! ! ! ငါလန့်သွားလို့ပါဟ!! မင်းပဲကွေး!! ရှယ်ပလန်နဲ့ကွေး!!"

LᴏVᴇ DᴇVᴏTɪOɴ ❤️(Completed)Where stories live. Discover now