#Unicode
အခန်း(၄၅)| ရှောင်းအိမ်တော်မှ မိသားစုပါတီပွဲ
"ဒါဆို ကိုကိုတို့ လက်ထပ်ပြီးရင် ဒီမှာပဲနေကြမယ်လေ"
***
ရေချိုးပြီးနောက်>>
တဘက်ကြီးပတ်ပြီး ခါးကိုကိုင်ကာ ကွတား ကွတားနဲ့ အ၀တ်ဗီရိုထဲလှန်လှောနေသော ကလေး။ ကျောပြင်နဲ့ ပုခုံးသားဖွေးဖွေးပေါ်က ကိုယ့်မူပိုင် အချစ်အမှတ်သားလေးတွေနဲ့ သိပ်ကိုလှနေတဲ့ကလေး။ အဟိ ဒီကမ္ဘာပေါ်မှာ သူလေးသာလျှင် ကိုယ့်တစ်ယောက်တည်း အပိုင်ဆိုပြီး ကံအကောင်းဆုံးလူသားအဖြစ် အော်ဟစ်ကာ ဂုဏ်ဆာလိုက်ချင်ပါရဲ့လေ။
ကိုယ်(အင်္ကျီ)ထုတ်ပြီး ၀တ်ပေးမယ်ဆိုတာကို "ခင်ဗျားကို မယုံဘူး..၀မ်ရိပေါ် တဲ့ တစ်ခါပဲ ယုံမယ်...နှစ်ခါ မယုံဘူး" ဆိုပြီး အကပ်မခံပေ။
ကလေး စိတ်ချမ်းသာအောင်သာ ကုတင်ခြေရင်းကနေပဲခြေတစ်ဖက် ချိတ်ပြီး ငေးကြည့်နေမိသည်။ ကိုယ် နည်းနည်းကြမ်းသွားလို့လားမသိ...တစ်ချက်တစ်ချက် ရှုံ့မဲ့သွားတဲ့ ကလေးရဲ့ မျက်နှာလေး။ အူယားလွန်းလို့ ငုံထားလိုက်ချင်တော့သည်။ ဘယ်သူမှမမြင်အောင်လို့...!!အကြည့်တွေက သူလေးရဲ့ ခါးစောင်းနားလေးက ဓားခြစ်ရာလို အမာရွတ်ဆီအရောက်... ကလေးကို မေးဖို့ သတိရတယ်။"ကလေး.."
"........"
"ကလေးရေ..."
"........"
"ကလေးလို့"
"လာမခေါ်နဲ့...မထူးဘူး! ဟွန့်..ခင်ဗျားကို စကားလည်းမပြောဘူး.. အာ့"
ရှောင်းကျန့်ကိုရန်တွေ့ရင်းနဲ့ ဟိုနားက စူးခနဲဖြစ်တာကြောင့် အသံပိစိလေး ထွက်မိသွား၏။
***ခွီ***
စကားမပြောဘူးဆိုပြီး ကတ်ကတ်လန်အောင် ပြန်စွာနေတဲ့ သူလေးကြောင့် ခွီခနဲ ရီမိပါ၏။ ဒါကို သူလေးက သူ့ကိုလှောင်ပါတယ်ဆိုပြီး...
"ခင်ဗျားနော် ခင်ဗျား...ဘာလဲ လူကို လာလှောင်နေတာလား..အဟင့်..ဗြဲ..မားရေ အဟင့်ဟင့်... သူလုပ်လို့ သူများ နာနေတာကို လာလှောင်နေတယ်.. အဟင့်ဟင့်"

ESTÁS LEYENDO
LᴏVᴇ DᴇVᴏTɪOɴ ❤️(Completed)
FanficUnicode+ Zawgyi ZSWWSZD ✔️ [50parts+ 6extra] #Unicode ခရမ်းပွင့်ရောင် lilac ပန်းတွေရယ်... ကိုကို့ နာမည်လေးထွင်းထားတဲ့... ပုဝါဖြူလွလွလေးရယ်.... ကိုကို ကြိုက်တဲ့ Green Tea လေးရယ်... ပြီးတော့ ကျွန်တော်တို့ရဲ့ကိုယ်ပွားလေးရယ်... #Zawgyi ခရမ်းပွင့်ရောင် l...