LD-P19|အချစ်သက်သေအဖြစ်...[Edited Version]

6.3K 443 19
                                    

#unicode

[A/N- သူတို့တွဲခဲ့တဲ့ သုံးလစာရိုမန့်လေးတွေကို အကျဉ်းချုပ်လေးနဲ့ ဖြည့်စွက်ထားပါတယ်လို့!]

|အခန်း(၁၉)| အချစ်သက်သေအဖြစ်...

"ကျွန်တော်တို့ရဲ့သစ္စာတရားတွေကို ကြယ်ရောင်လေးတွေနဲ့ ဒီအသဲပုံမီးရှူးပန်း‌လေးတွေက သက်သေအဖြစ်တည်ရှိပေးနေမှာမို့ ကိုကိုသာ ကျွန်တော့်လက်ကိုဖြုတ်မသွားနဲ့"

***

ချစ်သက်သေဖွင့်ဆိုခဲ့တဲ့နေ့လေးဟာ မနေ့တစ်နေ့ကလို။ အချိန်တွေဟာ နွေဦးကိုလွန်လို့ ဂိမာန်နှောင်းပိုင်းကိုတောင် ရောက်ရှိလို့လာခဲ့ပြီ။ ချစ်သူအဖြစ် တရားဝင်တွဲခဲ့တာ အခုဆိုရင် (၃)လကျော်လောက်ရှိခဲ့ချေပြီ။ ဒီသုံးလအတွင်းမှာ- သာမန်ချစ်သူတွေလိုပဲ ချိုမြိန်သောပျားရည်လေးလိုအချစ်ကို ဖြတ်သန်းခဲ့ကြသည်။

ပထမတစ်လ။ ဖွင့်ပြောပြီးနေ့နောက်တစ်ရက်။ ပထမဆုံးဒိတ်မှာ ရှက်နေကြတဲ့သူတို့နှစ်ယောက်က လက်ကလေးကိုင်ဖို့ကို မဝံ့မရဲတွေဖြစ်လို့ဆိုတာ တစ်ခါမှအနမ်းတွေမဖလှယ်ဖူးတဲ့စုံတွဲလို။ 

နှစ်ရက်၊သုံးရက်ကြာတော့ နွေဦးပွဲတော်တစ်ခုဖြစ်တဲ့ Weifang ပွဲတော်မှာ အသစ်စက်စက်စုံတွဲနှစ်ယောက်ရဲ့ အမှတ်တရလှလှလေးဖန်တီးဖို့ ဖန်လာခဲ့သည်။ အဲ့နေ့မှာ အသစ်စက်စက်စုံတွဲနှစ်ယောက်ဟာ ရောင်စုံစက္ကူလေးတွေ၊ ဆေးရောင်စုံတွေနဲ့လိုအပ်တဲ့ပစ္စည်းပစ္စယတွေကို စု‌ဝယ်ပြီး မြက်ခင်းပြင်ကျယ်ကြီးရှိတဲ့နေရာတစ်ခုဆီသွားခဲ့ကြ၏။ အဲ့ရောက်တော့ တစ်ခြားမိသားစုကကလေးတွေနဲ့အတူ ဝယ်လာတဲ့ရောင်စုံစက္ကူတွေနဲ့စက္ကူစွန်လေးတွေလုပ်ကြတယ်။ နဂါးပုံစံတွေ၊ လိပ်ပုံစံတွေ၊ ငါးပုံစံတွေ၊ ပန်းပုံစံတွေ....စသည် မျိုးစုံသောစက္ကူစွန်လေးတွေဟာ အပြာရောင်ကောင်းကင်မှာ ဝဲနေခဲ့ရဲ့။ မျိုးစုံသောစက္ကူစွန်တွေကြားထဲမှာမှ ထင်းထွက်နေခဲ့တဲ့ လိပ်ပြာလေးနှစ်ကောင်ကတော့ အလှဆုံးမိတ်ဖက်တွေနှယ်။

အဲ့နေ့က မြင်ခင်းစိမ်းစိမ်းကြီးရှိတယ်။ အပြာရောင်ကောင်းကင်ကြီးအောက်မှာ လေတံခွန်ကိုယ်စီကိုင်ဆောင်ပြီး လေယူရာအတိုင်းပြေးလွှားကာ စွန်လွှတ်နေခဲ့ကြတဲ့ ကလေးငယ်တွေလည်းအများကြီးပဲ။ သူတို့လေးတွေရဲ့ ရယ်သံလေးတွေတောင်မိုးမြင့်တိုင်အထိပျံ့လွင့်လို့။ ကောင်လေးနှစ်ယောက်ကတော့ မျက်လုံးတွေမှိတ်သည်အထိ ရယ်မောရင်း ကလေးတွေကြားထဲမှာ ပြေးလွှားနေခဲ့ကြပါတယ်။

LᴏVᴇ DᴇVᴏTɪOɴ ❤️(Completed)Where stories live. Discover now