#unicode
အခန်း(၃၀)| တော်တော်ဆော့တဲ့ ယုန်သားအဖ
"အာဂျူးရှီး...တား ပါးပါးကို ဘယ်လောက်ချစ်တာယဲဟင်"
"ကောင်းကင်ကြီးလောက်..."
***
ဝါကျင့်ကျင့်အလင်းမှိန်ပျပျသာရှိတဲ့ နေရာတစ်ခု၌ဖြစ်၏။ နိုင်ငံခြားထုတ် သက်တမ်းရင့်ဝိုင်အကောင်းစားတွေ၊ Cocktailတွေ၊ Alcohol အပြင်းစားတွေမျိုးစုံ အကန့်လိုက် စဉ်ထားပြီး ဝိုင်ခွက်တွေကိုလည်း ပုံစံမျိုးစုံ စီရီထားတဲ့ အရက်ဘားတစ်နေရာ။ အလိုရှိသမျှ ဘိန်းတွေ အမျိုးအစားအစုံရနိုင်ပြီး မူးယစ်ရာဇာတို့ စုဝေးရာ နေရာ။ ထို့အပြင် မူးယစ်မှောင်ခိုဂိုဏ်းတစ်ခုနှင့်တစ်ခု စုဝေးလေ့ရှိကာ ပစ္စည်းအလဲအလှယ်လုပ်လေ့ရှိကြသေး၏။ အသောက်အစား၊ မိန်းမ၊ မှောင်ခို၊ လောင်းကစား စတာတွေ အားလုံးရရှိနိုင်တဲ့ တစ်ခုတည်းသော ဤနေရာကား [Moon Devil]လို့ခေါ်တွင်၏။ ပေကျင်းမြို့ရဲ့ အကြီးမားဆုံး အမှောင်လောကClubကြီးပင်...။
ဆိုင်ရဲ့ မှောင်ရိပ်ကျသော ထောင့်စွန်းဝိုင်းတွင်ဖြစ်သည်။ လျော့တိလျော့ရဲချည်ထားတဲ့ နက်ခ်တိုင်ကို ရင်အုပ်ပေါ်အောင်အထိ ကြယ်သီးဖြုတ်ထားသော ရှပ်အင်္ကျီနှင့်၊ ဆိုဖာကူရှင်ပေါ် နောက်လှန်မှီလို့ မှိန်းမောနေသောလူကား Moon Devil၏ ပိုင်ရှင်။ ထိုလူ၏ လက်ညှိုးကြားထဲက မီးစာရှိနေသောဆေးလိပ်မှာလည်း ဘိန်းတစ်မျိုးထည့်ကာ ရှူရှိုက်နေလျက်၊ မူးယစ်ဆေး၏ တာဝတိံသာအထိခေါ်ငင်နိုင်မှုမှာ သာယာနေချေ၏။ လက်မောင်းတစ်ဖက်စီမှာလည်း ရှိုက်ဖိုကြီးငယ်လှစ်ဖော်ထားသော မိန်းမလှလေးနှစ်ယောက်နှင့် လူ့လောက၏ ကာမဂုဏ်စည်းစိမ်ကို အပြည့်အဝခံစားနေသည်။
"ဆရာ...ဟိုဘက်ကလူ ရောက်လာပါပြီ"
အသံကြားမှ ပိတ်ဆဲထားတဲ့ မျက်ခွံတွေကပွင့်လာပြီး ဆေးလိပ်တစ်ချက်ရှိုက်လို့ မီးဖွာလိုက်သည်။
"လွှတ်လိုက်"
ထို့နောက် တစ်ဖက်က သန့်သန့်ပြန့်ပြန့်၀တ်ထားတဲ့ ယောက်ျားတစ်ယောက် ရောက်လာကာ!

BẠN ĐANG ĐỌC
LᴏVᴇ DᴇVᴏTɪOɴ ❤️(Completed)
FanfictionUnicode+ Zawgyi ZSWWSZD ✔️ [50parts+ 6extra] #Unicode ခရမ်းပွင့်ရောင် lilac ပန်းတွေရယ်... ကိုကို့ နာမည်လေးထွင်းထားတဲ့... ပုဝါဖြူလွလွလေးရယ်.... ကိုကို ကြိုက်တဲ့ Green Tea လေးရယ်... ပြီးတော့ ကျွန်တော်တို့ရဲ့ကိုယ်ပွားလေးရယ်... #Zawgyi ခရမ်းပွင့်ရောင် l...