LD-P13|အနောက်တစ်လှမ်းဆုတ်ကြည့်မယ်[Edited Version]

6.5K 493 7
                                    

#unicode

|အခန်း(၁၃)|အနောက်တစ်လှမ်းဆုတ်ကြည့်မယ်

"...ရှေ့ဆက်တိုးချင်နေတဲ့ ငါ့ရဲ့နှလုံးသားက ကောင်လေးကို မီးပင်လယ်ထဲဆွဲခေါ်ချင်နေတာပဲ...မရေရာသေးတဲ့ နှလုံးသားရဲ့စေရာအတိုင်းသာ လိုက်မျောမယ်ဆိုရင်...အဆုံးသတ်မှာ နှစ်ယောက်စလုံးနာကျင်ရလိမ့်မယ်။"

***

အချစ်ကဆန်းကြယ်ပါရဲ့။ မနေ့တစ်နေ့ကမှတွေ့ပြီး နာမည်တောင်မသိရသေးတဲ့လူတစ်‌ယောက်က ရှောင်းကျန့်ဆိုတဲ့သူ့နှလုံးသားကို နိုးထစေခဲ့သည်။ အဲ့လူတစ်ယောက်ရဲ့အကြောင်းတွေ ဘာမှသေသေချာချာမသိရသေးဘဲနဲ့တောင်လေ။ ဒီလိုဆန်းကြယ်တဲ့အချစ်အပေါ် ပထမဆုံးအနေနဲ့ကျရှုံးမိတာက ကောင်မလေးတစ်ယောက်မဟုတ်တဲ့ ကောင်လေးတစ်ယောက်တဲ့။ ဒီညွှတ်ကိုင်းနေတဲ့စိတ်တွေကကောင်လေးကိုချစ်မိတာရော သေချာသလားဆိုတာ ဝေခွဲမရ။ ရှောင်းကျန့်ဟာ ရှုပ်ထွေးနေတဲ့အတွေးတွေမှာလွန်ဆွဲနေလျက်။

အထိအတွေ့လေးကြောင့် ခဏတာစိတ်လှုပ်ရှားမိသွားရုံလို့နှစ်သိမ့်ချင်ပေမယ့် အဲ့အထိအတွေ့လေးကို တွေးလိုက်မိရုံလေးနဲ့တင် ထပ်လိုချင်လာတဲ့ဒီစိတ်တွေက အထိန်းအချုပ်တွေမဲ့။ စုပ်လုံးလေးလိုချိုမြိန်တဲ့နှုတ်ခမ်းလေးတွေ၊ မွှေးပျံ့လွန်းတဲ့ကိုယ်သင်းရနံ့လေး...ဒါတွေဟာ ခဏတာသာယာမိရုံလေးပါဆိုရင် အချစ်လို့ခေါင်းစဉ်မတပ်ဘဲ တပ်မက်မှုလို့ခေါင်းစဉ်တပ်သင့်သည်မလားလေ။

"ကောင်လေးကရော ဘာလို့...ဘာလို့ငါ့အနမ်းတွေကို မငြင်းဆန်ရတာလဲ...သူလည်း ငါ့လိုပဲ ရင်ခုန်သံတွေမြန်နေခဲ့တာလား။"

အချစ်တစ်ခုက လွယ်လွယ်နဲ့ပေါက်ဖွားတတ်တယ်ပဲထားဦး၊ ဒီလိုမျိုး သဘာဝမကျတဲ့အချစ်တစ်ခုက လွယ်လွယ်နဲ့...ဟမ်း!! အဲ့ဒီ့စက္ကန့်ပိုင်းလေးနဲ့တင်...ငါ့နှလုံးသားတွေကိုထိန်းချုပ်လို့မရတော့ဘူး။

ဒီလိုအချစ်တစ်ခုအတွက်ရော ဘေးပတ်ဝန်းကျင်ကလူတွေ ဘယ်လိုသတ်မှတ်ကြမလဲ။ ကျိန်းသေ နှာခေါင်းရှုံ့ချင်ကြမှာပဲ။ ဘာလို့ဆို ကောင်လေးနဲ့မဆုံခင်က ငါကိုယ်တိုင်ကလည်း ဒီလိုမျိုးသဘာဝမဆန်တဲ့အချစ်ကို လက်မခံချင်ခဲ့ဘူးလေ။ မြင်ရုံနဲ့တင်ထူးဆန်းတယ်လို့ ခံစားရတယ်။

LᴏVᴇ DᴇVᴏTɪOɴ ❤️(Completed)Where stories live. Discover now