LD-P39|နှစ်ဦးသားရဲ့ အချစ်တွေစတင်တဲ့နေရာလေးမှာပဲ.........[Edited Version]

7.2K 557 49
                                    


#unicode

အခန်း(၃၉)| နှစ်ဦးသားရဲ့ အချစ်တွေစတင်တဲ့နေရာလေးမှာပဲ.........

ရှောင်းကျန့်ဆီကနေ ဖွင့်ပြောတဲ့နေ့ကလို ချစ်စကားတွေကြားရတဲ့ တစ်ခဏမှာ ရိပေါ်ရဲ့မျက်နှာလေးက ဘေးဆီလွှဲတယ်။ မျက်တောင်ရှည်လေးတွေဟာ ခပ်စိုက်စိုက်။ သူ မယုံကြည်ရဲတော့ဘူး... ရှောင်းကျန့်ကိုမဟုတ်ပေမယ့်... ကြုံတွေ့ရမယ့် လောကဓံ၊ ကံကြမ္မာရဟတ်ကို!! ပြီးတော့ သူ့မျက်နှာကိုမကြည့်ဘဲ အသံဖွဖွလေးနှင့်။

***

ရှောင်းကျန့် လန်ဒန်ရောက်နေတာ ငါးရက်လောက်ပင်ရှိတော့မည်။ ရှယ်ယာရှင်အစည်းအဝေးပြီးကတည်းက လန်ဒန်မှာ ပါးရဲ့မပြီးပြတ်သေးခဲ့တဲ့ အလုပ်တွေ လုပ်နေရသည်မလားလေ။

"ဟူး~~ လွမ်းလိုက်တာ ကလေးရာ... မဖြစ်သေးပါဘူး... ဒီအတိုင်းဆို ပါးတုန်းကလိုမျိုး လန်ဒန်နဲ့ ပေကျင်းကို သွားလိုက်ပြန်လိုက်လုပ်နေရတော့မှာ... ငါတစ်ယောက်တည်းဆို အရေးမကြီးပေမယ့် ချစ်ရမယ့် ကလေးရှိနေတော့ အလွမ်းရဲ့ဒဏ်တွေကို မခံနိုင်ဘူး... အခုတောင် သေမတတ်လွမ်းနေရတာ တစ်ကယ်ပဲ အဆင်ပြေမနေဘူး..!! မဖြစ်သေးဘူး၊ မဖြစ်သေးဘူး! ရုံးချုပ်ကို ပေကျင်းရွှေ့မှကိုဖြစ်မယ်"

အလုပ်စားပွဲပေါ်မှာ ပုံအောနေတဲ့ လချုပ်စာရင်းတွေ၊ နှစ်ချုပ်စာရင်းတွေ စစ်နေရင်း လွမ်းနာကျနေတဲ့ ရှောင်းကျန့်ပါပေ။

အကုန်လုံးပြီးသွားတော့ ညောင်းကိုက်လာတာကြောင့် တဂျွတ်ဂျွတ်မြည်သွားတဲ့အထိ အကြောတွေဆန့်လိုက်၏။

"အား... ကောင်းလိုက်တာ...အညောင်းကိုပြေသွားတာပဲ.. ဟူး အခုမှပဲပြီးတော့တယ်"

ဖုန်းလေးဖွင့်လိုက်တော့...ရိပေါ်မသိအောင် ခိုးရိုက်ထားတဲ့ ပုံလေးက phone wallpaperပေါ်မှာနေရာယူလို့...!!

"အာ..! ညနေ၄နာရီတောင်ရှိသွားပြီ... ဒီအချိန်ဆို ကလေးအိပ်ပြီလားမသိဘူး... ဖုန်းဆက်ကြည့်ရင်ကောင်းမလား... အာ မဖြစ်သေးပါဘူး ကလေး နိုးသွားရင် ဘယ်လိုလုပ်မလဲ?! အား ကလေးရေ...လွမ်းလွန်းလို့သေတော့မှာပဲ... Message လေးပို့ကြည့်လိုက်မယ်"

LᴏVᴇ DᴇVᴏTɪOɴ ❤️(Completed)Where stories live. Discover now