#unicode
အခန်း(၁၁)|ရွှေဝါရောင်ဆံပင်လေးနဲ့ဝိတ်တာကောင်လေး
....ခေါက်ဆွဲလေးက ချိုပြီးမွှေးနေလိုက်တာဆိုတာ... ရွှေဝါရောင်ဆံပင်လေးနဲ့ဝိတ်တာလေးက ဟိုကောင်လေးပဲဆိုတာ သေချာတယ်။ ကောင်လေး မင်းကိုယ့်ကို ဘယ်အထိရှောင်နေမှာလဲ....
***
ဒီနေ့တော့ သေချာပေါက်ကောင်လေးနဲ့ ထိပ်တိုက်ဆုံပြီး မေးစရာရှိတာမေးရမယ်လို့ မနက်မိုးလင်းကတည်းကကြွေးကြော်ထားတဲ့ ရှောင်းကျန့်၊ အဆောင်မပြန်သေးဘဲ ကျောင်းအပေါက်ဝမှာ ရပ်စောင့်နေ၏။ ဒီနေ့ကျမှ practical testဖြေနေရတာမို့ ပုံမှန်ထက် အတန်းဆင်းတာနောက်ကျသွားလို့ ကောင်လေးနဲ့လွဲသွားမှာကြောက်တဲ့ စိုးရိမ်မှုသေးသေးလေးဖြစ်လို့နေရင်း။ ဥဒဟိုသွားလာနေကြတဲ့ ကျောင်းသားတွေကလည်း နည်းသည်ထက်နည်းလာချေပေမယ့်... ကောင်လေးရဲ့ လူတစ်ကိုယ်လုံးမဆိုနှင့် အရိပ်အယောင်လေးကိုတောင်မတွေ့ရသေးပေ။
ထိုအခိုက်မှာပဲ ကောင်လေးကိုစောင့်နေရင်း သူ့ရှေ့လာရပ်တဲ့ကားတစ်စီးက ဟွန်းသံလည်းပြု၏။ မကြာ၊ အဖြူရောင်ဗင်ကားလေးထဲမှထွက်လာတဲ့ ပိန်သွယ်သွယ်ကိုယ်လေးတစ်ခုနှင့်အတူ...
"ရှောင်းကျန့် ဘယ်သူ့ကို စောင့်နေတာလဲ...မဟုတ်မှလွဲရော ငါလာမှာ ကြိုသိလို့စောင့်နေတာမလား"
....အက်ရှရှအသံလေးနှင့်သူကား တစ်ခြားသူမဟုတ်တဲ့ ရှောင်းကျန့်ရဲ့ ငယ်သူငယ်ချင်း စုန့်ကျိယန်ပင်။
"ကျိယန်...မင်း ဘယ်ကနေဘယ်လို... ရောက်လာ?"
"ဘယ်ကမှရောက်လာတာမဟုတ်ဘူး မင်းဆီ တမင်လာတာ... ဘာလဲ မတွေ့ဝာာကြာလို့ နှင်ထုတ်ချင်နေပြီပေါ့"
"အာ... မဟုတ်ပါဘူး..."
"ဒါနဲ့ မင်းက ဒီမှာဘာရပ်လုပ်နေတာလဲ"
"ငါ...ဟို ဟို...သူငယ်ချင်းတစ်ယောက်ကိုစောင့်နေတာ ဟောက်ရွှမ်းလေ သိတယ်မလား ဟောက်ရွှမ်း...အမ်း သူ့ကိုစောင့်နေတာ"
ကျိယန်က ထိုသို့မေးလာတော့လည်း အမှန်တရားလေးကပုစ္ဆာဖြေရှင်းနေဆဲမို့ ဝမ်ဟောက်ရွှမ်းကိုသာ ဆွဲသွင်းလိုက်ရတယ်။
![](https://img.wattpad.com/cover/217654819-288-k534491.jpg)
ESTÁS LEYENDO
LᴏVᴇ DᴇVᴏTɪOɴ ❤️(Completed)
FanficUnicode+ Zawgyi ZSWWSZD ✔️ [50parts+ 6extra] #Unicode ခရမ်းပွင့်ရောင် lilac ပန်းတွေရယ်... ကိုကို့ နာမည်လေးထွင်းထားတဲ့... ပုဝါဖြူလွလွလေးရယ်.... ကိုကို ကြိုက်တဲ့ Green Tea လေးရယ်... ပြီးတော့ ကျွန်တော်တို့ရဲ့ကိုယ်ပွားလေးရယ်... #Zawgyi ခရမ်းပွင့်ရောင် l...