LD-P29|အဖေကိုလိုချင်တော့၊ သားကိုကပ်[Edited Version]

7.3K 552 10
                                    

#unicode

အခန်း(၂၉)| အဖေကိုလိုချင်တော့၊ သားကိုကပ်

...အမလေး...အခုမှ ကိုရီးယားရောက်ဖူးပြီး ဟိုတယ်နာမည်တောင်မမှတ်မိလို့ အိမ်ခေါ်လာရတဲ့ အကျိုးနည်း CEOကြီးက ငါ့သားကို ကစားကွင်းလိုက်ပို့မယ်တဲ့လား!! ရယ်သေ၊ ရယ်သေ!!...

***

ညပိုင်းdutyပြီးတော့ ဆရာဝန်တွေအတွက်စီစဉ်ပေးထားတဲ့ အဆောင်ဆီပြန်လာတဲ့ ကျိယန်။ ရေချိုးမိုးချိုးပြီး ခေါင်းရေခြောက်အောင်သုတ်နေရင်း ကော်ဖီပူပူလေးကို သောက်နေစဉ်...

~Ring Ring~

တုန်ခါလာတဲ့ဖုန်းသံကြောင့် ကြည့်လိုက်တော့ ဟိုနှာဘူးကောင် ဟောက်ရွှမ်းဆီက...!

"Hello!"

မကိုင်ပြန်ရင်လည်း သောက်ရစ်ရှည်နေမှာစိုးလို့ကိုင်လိုက်တော့...

"ကျိယန်လေး ~အေ့~ ကျိယန်လေးကို ကိုယ်အရမ်းလွမ်းလို့ ~အေ့~ ဆက်လိုက်တာ...ကျိယန်လေးသိလား ~အေ့~ ကိုယ်မနေ့ညကပဲ ~အေ့~ ဟူနန်ကိုရောက်တယ်...~အေ့~...ညနေက ကျိယန်လေးဆီလာတော့ ~ဝူးဝူးဝူး~...ကျိယန်လေး ရက်စက်တယ် ~ဝူးဝူးဝူး~ ကျိယန်လေး ဟင့် ကိုယ့်နှလုံးသားကို ဓားနဲ့ အဲ့လိုကြီးအစိမ်းလိုက်ခွဲရက်တယ်နော် ~ဝူးဝူးဝူး~..."

ဘယ်သူထင်မှာလဲ...အမူးသမားရစ်တာခံရမယ်လို့!!

"ဟျောင့်!! ၀မ်ဟောက်ရွှမ်း!! မင်းဘာတွေပြောနေတာလဲ ငါတစ်ခုမှနားမလည်ဘူး... မူးပြီး လာရစ်မနေနဲ့..ငါ ဘယ်မှာ မင်းဟက်ထ်ကြီးကို ဓားနဲ့ခွဲနေလို့လဲ ပေါက်ကရမပြောနဲ့..shittt!!"

ကျိယန် တစ်ကယ်ပဲ အမူးကောင်ဟောက်ရွှမ်းရဲ့ လာရစ်နေမှုကြီးမှာ သည်းမခံနိုင်တော့။ ဒီကြားထဲ အသံဆိုးကြီးနဲ့ ကလေးလိုလို၊ ခွေးလိုလိုနဲ့လာငိုပြနေသေးတယ်!!

"~အီးဟီး အူးဝါး ဗြဲ ဟင့် ဟင့် ရွှီရွှီ~... ညနေက... ညနေက ကောင်မလေးတစ်ယောက်နဲ့ ~အီးဟီး~ ရယ်ရယ်မောမောနဲ့ စကားတွေပြောနေကြတာလေ... ငါ ငါလာတာတောင် မသိဘူး ~အဟင့်ဟင့် ရွှီရွှီ~"

တစ်ဖက်ဖုန်းမှာ ပိုပြီးအော်ငိုလာတဲ့ ဝမ်ဟောက်ရွှမ်း၊ နှပ်ညှစ်သံတွေတောင် ဖုန်းမျက်နှာပြင်နားကပ်ထားတဲ့ကျိယန်ရဲ့နားထဲ လာစင်သလိုပဲ။

LᴏVᴇ DᴇVᴏTɪOɴ ❤️(Completed)Where stories live. Discover now