LD-P4|အတ္တတွေကို မျက်ရည်နှင့်ဆေးကြောသောအမျိုးသမီး[Edited Version]

9.7K 677 12
                                    

#unicode

|အခန်း(၄)|အတ္တတွေကို မျက်ရည်နှင့်ဆေးကြောသောအမျိုးသမီး

...သားကိုချစ်လို့ အတ္တကြီးမိခဲ့သော မိခင်တစ်ယောက်ဟာ အခုအချိန်မှာတော့ မေ့မြောနေသော သားငယ်ရဲ့လက်ကလေးကို ပါးမှာအပ်ရင်း နောင်တစကားတွေ သီတန်းနေပေတော့သည်။ ရွှဲနစ်နေသောမျက်ရည်တွေက တစ်ချိန်က သူမ၏အတ္တကြီးခဲ့မှုတွေအပေါ် နောင်တရနေခြင်းကို ပုံဖော်နေခဲ့ပါသည်။...

***

ပေကျင်းဆေးရုံက (VIP)သီးသန့်ခန်းတစ်ခန်းမှာတော့ တစက်စက်ကျနေသော drip ပုလင်းထံမှ တတောက်တောက်ကျနေသံတွေရယ်၊ အောက်‌ဆီဂျင်စက်ထံမှ တတီတီမြည်ဟီးနေသံတွေရယ်မှလွဲ၍ အရာရာဟာ တိတ်ဆိတ်နေပါ၏။

လူနာကုတင်ခြေရင်းမှာကပ်ထားသည့် နာမည်၏မျိုးရိုးစာလုံးကား လူတိုင်းစိတ်ဝင်စားဆုံး၊ social network တွင်ရှာဖွေမှုအများဆုံးဖြစ်သည့် _ “ရှောင်း”၊ ရှောင်းမျိုးရိုးစာလုံးရဲ့အနောက်ကနာမည်က...ကျန့်။ ဒါဆို ဒီလူနာကုတင်ပေါ်မှာ လှဲလျောင်းနေသူက သေချာပေါက် ပေကျင်း၏ ထိပ်တန်းဝင် စီးပွားရေးGroupကြီးဖြစ်သည့် Xiao Group၏ အ‌မွေခံမျက်ရှုသားရတနာ‌လေး ရှောင်းကျန့်မှလွဲ၍ တစ်ခြားမည်သူမှမဖြစ်နိုင်တော့။ 

Xiao Groupအကြောင်းပြောရမယ်ဆိုရင်... Xiao Groupဆိုတာ ရှောင်းမျိုးဆက်၏ မျိုးရိုးစဉ်ဆက် အဆင့်ဆင့်လက်ဆင့်ခံလာသော ၊ Fashion လောက၏စီးပွားရေးအဖွဲ့အစည်းကြီးတစ်ခုသာ။ ဘယ်လောက်အထိအောင်မြင်သလဲဆိုရင် မျိုးဆက်တစ်ခုထက်တစ်ခုပိုပြီးတောင် နှစ်စဉ်အမြတ်ရှယ်ယာတွေအများဆုံးဝင်ပြီး ၊  Xiao Groupကထုတ်သည့် brand မှန်သမျှ ကမ္ဘာ့ဈေးကွက်အထိထိုးပေါက်နိုင်သည်အထိပင်။ ဤသို့ အောင်မြင်သောလုပ်ငန်းကြီးတစ်ခုဖြစ်တာမို့လည်း ပြိုင်ဘက် Companyများ၏ အနည်းအများ တိုက်ခိုက်မှုဟူသည် ရှောင်လွှဲ၍မရ၊ ရှိနေစမြဲသာ။

ရုံးချုပ်ကို London, Paris မှာ အခြေစိုက်ပြီး တရုတ်ပြည်မကြီးဖြစ်သည့် ပေကျင်းမှာတော့ Main Company ကြီးတစ်ခုထားရှိ၏။

Fashion တစ်မျိုးတည်းလုပ်ကိုင်သည်မဟုတ်သည့်အပြင် တစ်ခြားနယ်ပယ်ရပ်ဝန်းတွေမှာလည်း အကျိုးတူရှယ်ယာတွေဝင်ထားသေးတာကြောင့် ရှောင်းမိသားစု၏ တစ်လစာဝင်ငွေက‌တော့ မှန်းစ၍မရတတ်ပေ။ ‌ယခု ရှောင်းကျန့် တက်နေသည့် ဆေးရုံသည်လည်း ရှောင်းဂရုမှ  အကျိုးတူရှယ်ယာ ကျိန်းသေဝင်ထားသည်မှာမလွဲ။

LᴏVᴇ DᴇVᴏTɪOɴ ❤️(Completed)Where stories live. Discover now