LD-P6|လစ်ဟာနေတဲ့နှလုံးသားတစ်ရံ [Edited Version]

8.5K 656 1
                                    

  #unicode

|အခန်း(၆)|လစ်ဟာနေတဲ့နှလုံးသားတစ်ရံ

ရှောင်းကျန့်ဟာ သူသတိရရလာချင်းမှာပင် တစ်စုံတစ်ယောက်၏ အနွေးဓာတ်လေးအား အမှန်တစ်ကယ်ပင် လိုအပ်နေခဲ့သည်။ “တစ်ကယ်ပဲ ဒီနှလုံးသားက ဘယ်သူ့ကိုလိုအပ်နေခဲ့ပြီး ငါက အရေးကြီးတဲ့တစ်‌စုံတစ်ယောက်ကို မေ့လျော့နေသလို ခံစားချက်ကြီးက ဘာလို့ ခံစားနေရတာလဲ။”

***

“ဆရာမလေး ယီယီ ကျွန်တော် စိတ်ချမယ်နော်...တစ်ခုခုဆို ကျွန်တော့်ဆီ ဖုန်းဆက်ပါ”

စုန့်အိမ်တော်က အရေးကြီးဖုန်းနံပါတ်တစ်ခုဖြစ်သည့် မာတာမိခင်ဆီမှဝင်လာသည့်ခေါ်ဆိုမှုကြောင့်၊ အိမ်ခဏပြန်ရမည်ဖြစ်တဲ့ ဒေါက်တာလေးစုန့်ကျိယန်။

“ဟုတ် စိတ်ချပါ ဒေါက်တာစုန့်... ကျွန်မသေချာကြည့်ထားလိုက်ပါ့မယ်ရှင့်”

စုန့်မိသားစုမှာ ဩဇာအာဏာအရှိဆုံးပုဂ္ဂိုလ်က မာတာမိခင် စုန့်ကတော်ပေမို့ သူမက လာဆိုလာ၊ သွားဆိုသွားရမည်ပေ။ အဲ့တော့ စုန့်ကျိယန်ဆိုတဲ့သူက သူများတွေခါ်ကြတဲ့ မာမားဘွိုင်းလေးပေါ့။

ကျိယန်ဟာ ရှောင်းကျန့်ကိစ္စကို သူနာပြုလေးဆီ အထပ်ထပ်အခါခါမှာကြားခဲ့ပြီးမှသာ
အိမ်ပြန်သွားခဲ့ပါ၏။

ယီယီသည်လည်း ဒေါက်တာလေးစုန့်မှာကြားထားခဲ့သည့်အတိုင်း တစ်သွေမတိမ်းလိုက်နာပြီး လူနာရှောင်းကျန့်ကို စောင့်နေပေးလိုက်ပါ၏။

ဒါပေမယ့် ဒေါက်တာစုန့်စကားကို Aက‌နေ Zအထိနားထောင်ချင်ခဲ့တဲ့ ယီယီရဲ့ဆန္ဒလေးဟာ မပြည့်ခဲ့ပါပေ။ အဘယ့်ကြောင့်ဆို သိပ်မကြာခင်မှာပဲ သူမ၏ လုပ်ဖော်ကိုင်ဖက်သူနာပြုလေးတစ်ယောက်ဆီက ကြားရတဲ့ တစ်ဆင့်ခံစကားလေးကြောင့်။

“ယီယီရေ... ဒေါက်တာဖုန် နင့်ကိုခေါ်နေတယ်... အရေးကြီး ပြောစရာရှိလို့... အခုချက်ချင်းလာခဲ့တဲ့”

“ဟာ!! ဘယ်လိုလုပ်ရမလဲ! ငါ့ကို ဒေါက်တာစုန့်ကဒီမှာ စောင့်ခိုင်းထားတာဟ...”

“ခဏလေးနေမှာပါဟာ မကြာလောက်ပါဘူး... မြန်မြန်သွားလိုက် ဒေါက်တာဖုန် အကြောင်းကို နင်မသိတာလည်းမဟုတ်... သူခေါ်တုန်းသွားမှနော်”

LᴏVᴇ DᴇVᴏTɪOɴ ❤️(Completed)Where stories live. Discover now