LD-p37|ရှောင်းရဲ့မန်တိုင်ကြီးပြိုသွားပြီ[Edited Version]

7.2K 553 39
                                    

#unicode

အခန်း(၃၇)|ရှောင်းရဲ့မန်တိုင်ကြီးပြိုသွားပြီ

"အင်း...ခင်ဗျားလည်းပင်ပန်းနေပါပြီ...ဒီတစ်ပတ်လုံးလုံး မအိပ်နိုင်ခဲ့ဘူးမလား...အိပ်လိုက်ပါ...ခင်ဗျားသက်သက်သာသာနဲ့ အိပ်လိုက်ပါ.....ကိုကို..."

***

ဝမ်းနည်းပူဆွေးမှုအတွက် ဖော်ကျူး‌နေပါသော အဖြူရောင် ဂန္ဓမာပန်းခွေတွေ ပတ်ပတ်လည် ၀န်းရံထားတဲ့ hallခန်းကြီးရဲ့အလယ်၌။

ကျွန်းသစ်သားနဲ့ထွင်းထုထားပါတဲ့ ခေါင်းတလားကြီးတစ်ခုဟာ ထီးထီးကြီးတည်ရှိလို့။ ထိုခေါင်းတလားကြီးရဲ့ အပေါ်မှာတော့... ဓာတ်ပုံအကြီးကြီးထဲကလူရဲ့ ရှားရှားပါးပါး ပြုံးနေတဲ့ပုံလေးကနေရာယူလျက်...။ ခေါင်းတလားကြီးထဲက အသက်မဲ့လူကတော့ ဒီနေ့နဲ့ဆို အိပ်စက်လဲလျောင်းနေတာ ၇ရက်ပင်ရှိတော့မည်ပဲ...။ ခဏနေဆိုရင်ပင် ထိုခေါင်းတလားကြီးထဲက အသက်မဲ့လူကို မြေမြှုပ်ကြတော့မည်ပဲလေ။

"မား...တစ်ခုခုတော့စားလိုက်ပါဦး...မားပါ လဲသွားလို့မဖြစ်ဘူးလေ...ဒါမှ ခဏနေရင် ပါးရဲ့ နောက်ဆုံးခရီးကို လိုက်ပို့ပေးနိုင်မှာပေါ့..."

'ဟူး... မားကတော့ ပါး ဆုံးပြီဆိုတာသိသိချင်းကတည်းကပဲ ဘာမှကို ဟုတ်တိပတ်တိ အစာမစား... အခုလည်း ဘာမှပြန်မပြော... မှိုင်မှိုင်တွေတွေကြီးပဲ နေနေတာ...! မားရဲ့ မျက်နှာလေးကလည်း ချောင်ကျသွားလိုက်တာ...'

မားကိုကြည့်ပြီး တစ်ကယ်ပင် စိတ်ပူရသည်။ ဒီလိုနဲ့ လဲသွားရင် မဖြစ်ဘူးလေ။

သိသိချင်းညတုန်းကဆိုရင် ရိပေါ်နဲ့ သူတို့နှစ်ယောက်သား မူးလဲသွားတဲ့အမေဖြစ်သူကို ဆေးရုံပို့လိုက်ရတဲ့အထိပဲ။

"သားလည်း ပါး ဆုံးတယ်ဆိုတာကို အခုထိမယုံနိုင်သေးဘူး ပါးရာ... အကောင်းကြီးရှိနေတဲ့ပါးကဘယ်ကနေဘယ်လိုဖြစ်သွားတာလဲဗျာ!? အလုပ်တွေတောင် တက်တက်ကြွကြွနဲ့ လုပ်နေခဲ့သေးတာကို..."

အဖေဖြစ်သူ ရှောင်းလုဖိန်က Meeting လုပ်ရင်းနဲ့ နှလုံးသွေးကြောပေါက်ပြီး နေရာမှာတင် ဆုံးသွားခဲ့တာ ဆေးရုံအထိတောင် အသက်မျှင်မျှင်လေးတောင် ပါမလာတော့။ ဒီသတင်းကိုကြားပြီးပြီးချင်း မူးလဲသွားတဲ့အမေဖြစ်သူ ရှင်းယွမ်လီကို ဆေးရုံမှာ ရိပေါ်နဲ့ပဲထားခဲ့ကာ ရှောင်းကျန့် သူကတော့ မနက်အစောပိုင်း လေယာဉ်နဲ့ လန်ဒန်ကိုချက်ချင်းလိုက်သွားရတယ်။ အရှေ့နဲ့အနောက်ရဲ့ နေ့တစ်ဝက်လောက်အထိ အချိန်ကွာဟမှုကြောင့် လန်ဒန်ရောက်တော့ ညနေစောင်းနေချေပြီ။
ရုပ်ကြွင်းကိုတော့ အမေဖြစ်သူရဲ့ဆန္ဒအလျောက် ‌မွေးရပ်မြေပေကျင်းကိုသာ ပြန်သယ်လာခဲ့ရပေသည်။

LᴏVᴇ DᴇVᴏTɪOɴ ❤️(Completed)Where stories live. Discover now