[Zawgyi]
အခန်း ၁၄ ပထမဆုံးသောကိုယ်ပိုင်သားရဲ“အမ်?” ကောင်းဖန် အေးခဲသွားကာ ချက်ချင်းပင် ခေါင်းခါလိုက်သည်။ “ဦးလေးရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် တာ့ဇီက ကျွန်တော့်မိဘတွေ ထားခဲ့တဲ့ကောင်လေးဖြစ်သလို ကျွန်တော့်နားမှာ နေတာ သုံးနှစ်တောင်ရှိနေပါပြီ။ သူ့ကိုပဲ ကျွန်တော့်ရဲ့ ပထမဆုံးကိုယ်ပိုင်သားရဲအဖြစ်ထားဖို့ ဆုံးဖြတ်ပြီးသားပါ။”
ဦးလေးလျို အံ့အားသင့်သွားပုံရသည်။ ကောင်းဖန်၏ခြေထောက်ဘေးတွင် ရပ်နေသည့် တာ့ဇီကလဲ ဦးလေးလျို၏စကားများကို နားလည်နေသလိုပင်။ သူက ဦးလေးလျိုကို စိတ်အနှောက်အယှက်ဖြစ်သလို တရှူးရှူးအော်နေကာ လက်သည်းများကိုလဲ ထုတ်ဖော်နေသည်။
“တော်တော့၊ တော်လောက်ပြီ။” ကောင်းဖန် တားမြစ်လိုက်သည်။ တာ့ဇီကလဲ သူ့ပိုင်ရှင်ကို စိတ်မကောင်းဖြစ်နေသည့် အကြည့်များဖြင့် ပြန်ကြည့်လာကာ ဦးလေးလျိုကို သဘောမကျမလိုလားကြောင်းပြဖို့ရန် ကောင်းဖန်ဘေးတွင် ဦးလေးလျိုအား နောက်ကျောပေးကာ လဲလျောင်းလိုက်သည်။
ဦးလေးလျိုနှင့် စကားဆက်ပြောပြီးနောက် ကုနင်း တာ့ဇီကို ခေါ်ကာ အပေါ်ထပ်သို့ ပြန်လာခဲ့သည်။ တံခါးရှေ့ရောက်သည်နှင့် ကဒ်သော့ကို ထုတ်ကာ ဆွဲချလိုက်ပြီးနောက် ‘ဘိ’ဆိုသည့် အသံတစ်ချက်မြည်ကာ တံခါးက ပွင့်လာခဲ့သည်။
ကောင်းဖန်၏နောက်ကျောကို တစ်ချက်ကြည့်ကာ တာ့ဇီကိုလဲ ကြည့်လိုက်ရင်း ဦးလေးလျိုသက်ပြင်းသာချလိုက်တော့သည်။ ဒါကြောင့်ပဲ ခရမ်းရင့်ရောင်ကျောပြင်နဲ့ အဝါရောင်ခြေချောင်းရှိတဲ့ ကင်းခြေများဖြစ်နေတာပေါ့၊ ပြီးတော့ သူ့မှာက စိတ်ဝိညာဉ်အခန်းတွေအများကြီးပါတာမဟုတ်ဘူး။ အမ်… ငါအဘိုးကြီးကျန်းကို ပြောပြလိုက်သင့်လား?
အတော်ကြာ တုန့်ဆိုင်းနေပြီးနောက် ဦးလေးလျိုထပ်ပြီး သက်ပြင်းချလိုက်ပြန်သည်။ ရှေးအယူအဆရှိတဲ့လူတွေက တစ်နည်းနည်းနဲ့ခေါင်းမာကြတာပဲ။ ရှောင်ဖန် စာချုပ်ချုပ်ပြီးတဲ့အထိ ငါစောင့်လိုက်ပါဦးမယ်။
YOU ARE READING
သားရဲလေ့ကျင့်သူ (ဘာသာပြန်)
Fantasyခေါင်းစဉ် - ကောင်းဖန် (ဘာသာပြန်) မူရင်းခေါင်းစဉ် - Monster Pet Evolution အမျိုးအစား - စွန့်စားခန်း၊ စိတ်ကူးယဉ်၊ အတိုက်အခိုက်၊ ကျောင်းသားဘဝ အပိုင်းရေ - ၈၅၃ ပိုင်း မူရင်းရေးသားသူ - Ji ch zu ဘာသာပြန်ဆိုသူ - BlackPearl Translation