[Unicode]
အပိုင်း ၁၃၉ ပြင်းထန်သည့်တိုက်ပွဲအထူးအော်ပရေးရှင်း၏ညွှန်ကြားချက်အရ ကောင်းဖန်ကိုပြသနေသည့် ဧရိယာမျက်နှာပြင်အားလုံး အပိတ်ခံလိုက်ရသည်။
ကောင်းဖန်က ကံကြမ္မာလွှဲပြောင်းခြင်းနည်းလမ်းကိုသာ အသုံးပြုခဲ့ကာ သူ့ရဲ့ ပြင်းထန်သည့်အကာအကွယ်နည်းလမ်းကို အသုံးမပြုခဲ့တာကြောင့် တခြားလူတွေအနေနဲ့ ကောင်းဖန်က သူ့ရဲ့ ကိုယ်ပိုင်ရှင်သန်ခြင်းနည်းလမ်းကို သုံးခဲ့ခြင်းသာဖြစ်မည်ဟု ယုံကြည်သွားစေသည်။
“ဒါပေမယ့် ခေါင်းဆောင်၊ ဒီကောင်လေးက… သတ္တိကြောင်လွန်းမနေဘူးလား?” အခန်းထဲမှ ကတုံးပြောင်ကြီးတစ်ယောက် မေးလိုက်သည်။
“ကျိုးလဲ့၊ ဒါက သတ္တိကြောင်တာမဟုတ်ဘူး! နည်းဗျူဟာလို့ခေါ်တယ်!” ခေါင်းဆောင်က အလေးအနက်ပြန်ပြောလိုက်သည်။ “ဘယ်အချိန်မှာ ရှေ့တိုးရမယ် ဘယ်အချိန်မှာတော့ နောက်ပြန်ဆုတ်ရမယ်ဆိုတာကို သိပြီး ဘယ်အချိန်မှာတော့ ပေးသင့်တယ် ဘယ်အချိန်မှာတော့ ပြန်ယူသင့်တယ်ဆိုတာကို နားလည်တာကလဲ အောင်မြင်သူတစ်ယောက်အတွက် အရေးကြီးဆုံးအချက်ပဲ! စစ်သူကြီးတိုင်းက တိုက်ပွဲတစ်ခုခုမှာ ကျရှုံးကြတယ်။ သူတို့ကိုယ်သူတို့မရှုံးနိုင်ဘူးလို့ တွေးကြရင်တောင်မှ ဒါကလဲ သူတို့ရဲ့မောက်မာမှု မာနကြောင့် နောက်ဆုံးမှာတော့ ရှုံးသွားခဲ့ကြတာပဲ။”
ခေါင်းဆောင်၏လေးနက်သည့်အမူအရာကြောင့် အခန်းထဲမှ တစ်ခြားသူတွေအားလုံး အံ့အားသင့်နေကြသည်။ သူတို့ခေါင်းဆောင် ဒီလိုမျိုးမာမာထန်ထန်ဖြစ်နေတာကို သူတို့ပထမဆုံးအကြိမ်မြင်ဖူးကြတာပင်။ ကြည့်ရတာ သူ့မှာလဲ သူ့ကိုယ်ပိုင်ဇာတ်လမ်းကြောင်းရှိခဲ့ပုံပဲ…
…
ဒမ်ဘီ၏ဆုတ်ခွာမှုက တောထဲရှိသားရဲကို နှိုးဆွလိုက်ပုံပင်။ ၎င်းက ဆက်ပြီးစိတ်ရှည်နိုင်ခြင်းမရှိတော့ဘဲ သစ်ပင်များပေါ်မှ ထွက်လာခဲ့တော့သည်!
၎င်းက တုတ်ချောင်းအင်းဆက်တစ်ကောင်နှင့်တူကာ မူလအရွယ်အစားမှနေပြီး လေမှုတ်ထည့်လိုက်သလိုမျိုး ဆယ်ဆလောက်ပိုကြီးထွားလာခဲ့သည်။
BẠN ĐANG ĐỌC
သားရဲလေ့ကျင့်သူ (ဘာသာပြန်)
Viễn tưởngခေါင်းစဉ် - ကောင်းဖန် (ဘာသာပြန်) မူရင်းခေါင်းစဉ် - Monster Pet Evolution အမျိုးအစား - စွန့်စားခန်း၊ စိတ်ကူးယဉ်၊ အတိုက်အခိုက်၊ ကျောင်းသားဘဝ အပိုင်းရေ - ၈၅၃ ပိုင်း မူရင်းရေးသားသူ - Ji ch zu ဘာသာပြန်ဆိုသူ - BlackPearl Translation