အပိုင်း ၂၀၆-၂၀၈

453 63 1
                                    

[Unicode]
အပိုင်း၂၀၆ မြို့တွင်းမာရှယ်လော

တောင်ပေါ်တွင်, များစွာသောသားရဲအမဲလိုက်သူများသည် ကိရိယာတန်ဆာပလာများ ဖြင့်တောထဲတွင်လမ်းလျှောက်နေကြသည်၊ သူတို့သည်အလွန်တန်ဖိုးကြီးသော သားရဲအင်္ဂါအစိတ်အပိုင်းများပါသည့် ကားထွက်နေသောအိတ်များကို သူတို့၏ကျောပေါ်၌တင်လာကြသည်။

သူတို့အောက်ရှိမြေပြင်ကရုတ်တရက်တုန်ခါလာတော့သည်၊ အဖွဲ့ထဲရှိသားရဲများက စိတ်မသက်မသာဖြင့်အော်ဟစ်ကြသည်။

"ဘာဖြစ်တာလဲ, ပိုင်ပိုင်?" သားရဲအမဲလိုက်သူတစ်ယောက်ကရပ်လိုက်ပြီး သူ့ခေါင်းကိုလှည့်၍ဘေးမှကြောင်ဖြူကိုပွတ်သတ်ပေးလိုက်သည်၊ ကြီးမားသော ကြောင်ကြီးကသူ့ခေါင်းကိုလှည့်လိုက်ပြီး, သူ၏နီလာကဲ့သို့ပြာလဲ့နေသော မျက်လုံးများကထိတ်လန့်နေပြီး စိုးရိမ်မှုတို့ဖြင့်ပြည့်နေသည်။

"သွား, ငါတို့မြန်မြန်သွားဖို့လိုတယ်", ကြောင်ကြီးကစိုးရိမ်လျက်မြန်မြန်ပြောလိုက် သည်။

များစွာသော သားရဲအမဲလိုက်သူများ၏နှလုံးများသည် လှိုက်ခုန်သွားတော့သည်၊ ပိုင်ပိုင်ကအရင်ကလည်း ထိုကဲ့သို့တစ်ပုံစံတည်းပြုမူခဲ့သည်၊ တစ်ခါတုန်းက, ဒဏ္ဍာရီလာအဆင့်သားရဲက သူတို့ပေါ်မှဖြတ်သွားခဲ့သောကြောင့်ဖြစ်သည်၊ ကံကောင်းစွာနဲ့ဘဲ, ဒဏ္ဍာရီလာအဆင့်သားရဲကသူတို့ကိုသတိမထားမိခြင်း, ဒါမှမဟုတ်လည်းသူတို့ကိုဂရုမစိုက်တာဘဲဖြစ်သည်။

လူတစ်ဦးသည် သေးငယ်သောအင်းဆက်ကောင်ပေါ်သို့ ဘာအကြောင်းမှမရှိဘဲ နင်းမိသွားသောအကြောင်းပြချက်နဲ့တောင်တူသည်။ ထိုအင်းဆက်ကောင်က လူ၏ခြေထောက်ပေါ်သို့တက်လာလျှင် ထိုလူကခါချပြီးနောက် သတ်ပစ်လိုက်မည်ဖြစ်သည်။

"ငါတို့ဒီနေရာကနေမြန်မြန်ထွက်သွားဖို့လိုတယ်၊ အရင်ဆုံးယွိကျိုးမြို့ကိုပြန်သွားစို့" အဖွဲ့ထဲမှအဖွဲ့သားတစ်ယောက်က ချက်ချင်းထပြောလိုက်သည်။

သူတို့လှည့်လိုက်သည်နှင့် အောက်ရှိမြေကြီးကလှုပ်ခါသွားသည်၊ မြေကြီးက ကြည့်ရသည်မှာလည်သွားပုံရသည်!

သားရဲလေ့ကျင့်သူ (ဘာသာပြန်)Tempat cerita menjadi hidup. Temukan sekarang