အပိုင်း ၁၈၁-၁၈၅ (Unicode)

472 68 0
                                    

အပိုင်း၁၈၁ အမှောင်ဒိုဒါနွယ်ပင်

ကြီးမားသောပိုးဟပ်များ၏စူးရှသောအသံများက မီးလောင်ကျွမ်းမှုကြောင့်မြေအောက် ပိုက်လိုင်းတစ်လျှောက်တွင်ပြည့်နှက်နေသည်၊ ဖရိုဖရဲဖြစ်နေသည့်အော်သံများသည် သူတို့၏ခေါင်းဆောင်၏အော်သံအောက်မှာပင်နစ်မြုပ်နေရသည်...

မီးများကပြင်းထန်စွာလောင်ကျွမ်းသွားပြီး, မီးခိုးများကထူထပ်သောကြောင့်တိုင်များကိုပင် ဖုံးလွှမ်းသွားတော့သည်၊ ကောင်းဖန်ကသူ့နှာခေါင်းကိုဖုံးလိုက်ပြီး, နောက်ကိုဆုတ် ကာချောင်းဆိုးလိုက်သည်၊

ဒီမီးများကတကယ်ကိုပြင်းထန်သည်, ပြီးတော့လေထဲရှိအောက်စီဂျင်များကိုပါ လောင်ကျွမ်းသွားပုံရတာကြောင့် အသက်ရှုခက်ခဲစေသည်။

ကောင်းဖန်သည်အခြားပိုးဟပ်များကိုစိတ်အားထက်သန်စွာအမိန့်ပေးနေသော အခြားကြီးမားသောပိုးဟပ်များထက် နှစ်ဆကြီးသည့်ပိုးဟပ်တစ်ကောင်ကိုတွေ့လိုက် သည်၊ ၎င်းသည်သူတို့၏ခေါင်းဆောင်ဖြစ်မည်ဟုသူထင်သည်။

ကောင်းဖန်၏မျက်လုံးများကတောက်ပလာတော့သည်၊ "အစင်းလေး!" ဒီကြီးတဲ့ပိုးဟပ် ကအဆင့်၁၈မှာဘဲရှိတာ, သူ့အဆင့်အတန်းကအထူးအဆင့်ဘဲရှိတယ်၊

အစင်းလေးကပိုးဟပ်များအပေါ်၎င်း၏ခေါင်းဖြတ်သည့်နည်းဗျူဟာကို အပြည့်အဝသုံး၍အကောင်အထည့်ဖော်နိုင်စွမ်းရှိသည်၊

အစင်းလေးသည်၎င်း၏ခြေသည်းများကိုပေါ့တန်စွာခါလိုက်ပြီး ဒေါသထွက်စွာဖြင့် တိုင်ကီလိုမျိုးပိုးဟပ်တွေဆီသို့တည့်တည့်သွားလိုက်သည်၊

လမ်းတစ်လျှောက်ရှိကြီးမားသောပိုးဟပ်များအားလုံးကို အစင်းလေး၏မာကျောသောအပြင်အခွံဖြင့်ပစ်ချလိုက်သည်၊ ၎င်း၏ခြေသည်းများကမြောက်လာပြီး ဘေးတိုက်,တိုက်ချလိုက်ကာ ကြီးမားသောပိုးဟပ်များကိုလွင့်ထွက်သွားစေသည်၊ အခြားအနည်းစု ကသူတို့ခြေထောက်တွေကိုတင်းကြပ်စွာဖြင့်တတ်နိုင်သလောက်ကွေးထားကြပြီး အမြင့်သို့ခုန်တက်ကြသည်၊

မီးကြောင့်အနည်းငယ်လောင်ကျွမ်းသွားသော်လည်း အများအပြားမှာငြိမ်ဝပ်စွာရှိနေ ဆဲဖြစ်တာကြောင့် သူတို့ကအစင်းလေးဝင်လာတာကိုမြင်သောအခါ, သူတို့ကချက်ချင်း လှုံဆော်မှုတွေဖြစ်ကာ အရှေ့သို့ပြင်းထန်စွာဖြင့်ပြေးလာကြတော့သည်၊

သားရဲလေ့ကျင့်သူ (ဘာသာပြန်)Where stories live. Discover now