အပိုင်း ၁၂၂

615 120 2
                                    

[Zawgyi]
အပိုင်း၁၂၂

ကောင်းဖန်ကစာမေးပွဲဖြေဆိုသည့်နေရာမှထွက်သွားသောအခါစာမေးပွဲဖြေဆိုရန် အလှည့်ကျစောင့်ဆိုင်းနေသောအရာရှိလောင်းများကတန်းစီ၍စောင့်ဆိုင်းနေသည်ကို တွေ့လိုက်ရသည်။

အရာရှိလောင်းများသည်တိုက်ပွဲများစတင်သည့်အသံကိုကြားတိုင်းစာမေးပွဲနေရာကို စိုက်ကြည့်ကြသည်၊

ကောင်းဖန်သည်အစင်းလေး၏အပေါ်တွင်ထိုင်နေသည်၊သူ၏ဖင်ကနာနေသည်၊ အစင်းလေးကအရမ်းကြမ်းပြီးများပြားသော၎င်း၏ခေါင်းမှလည်းငေါထွက်နေသော အစွယ်များရှိနေသေးသည်။

ဆီလီ,တစ်ခုခုလောက်ငါဆွဲထုတ်ပါရစေ ကောင်းဖန်ကသူ့ပုခုံးပေါ်တွင်ထိုင်နေသော ဆီလီကိုကြည့်ကာပြောလိုက်သည်၊

သူကထိုင်ဖို့ကူရှင်ကိုဆီလီ၏အထဲမှထုတ်လိုက်ပြီး သူ့ဖင်အောက်တွင်နေရာချလိုက် သည်၊

ဒါကပိုပြီးသက်သောင့်သက်သာရှိတယ်လို့ခံစားရသည်၊ ကောင်းဖန်သည်သူ့၏ ထိုင်နေမှုအနေအထားကိုချိန်ညှိလိုက်ပြီးမှမှန်သွားသလိုခံစားလိုက်ရသည်၊ သူက ပျော်ရွှင်စွာဖြင့်စ၍သီချင်းဆိုလိုက်သည်၊ သူကစာမေးပွဲတွင်လည်းအတော်လေး ကောင်းမွန်တာကြောင့် သူကအတော်လေးအဆင်ပြေသောစိတ်ခံစားမှုရှိနေသည်။

ကောင်းဖန်ကဆင်ခြေဖုံးရှိသူ့ဗီလာသို့ရောက်လာကြသည်၊ ဦးလေးလျို၏ဗီလာက သူ၏အိမ်ဆန့်ကျင်ဘက်၌ရှိပြီး တည်ဆောက်မှုကပြီးဆီးသွားပြီဖြစ်သည်၊ အရင်တုန်းက,ဂျပန်တွင်ကျော်ကြားသောတည်ဆောက်ခြင်းနည်းပညာများရှိသည်၊ ၎င်းကရောင်စုံပလတ်စတစ်တုံးဖြင့်ဆော့ကစားနည်းနှင့်ပင်ဆင်ဆင်တူလှသည်။ ဒီနည်းပညာသည်ကမ္ဘာ၏ကျန်သောနေရာများသို့ပျံ့နှံ့သွားပြီးယဉ်ကျေးမှုတစ်ခုစီက ၎င်းတို့ကိုလက်ခံကျင့်သုံးကာ၎င်းတို့၏ကိုယ်ပိုင်ယဉ်ကျေးမှုဆိုင်ရာဒြပ်စင်များကို ထည့်သွင်းကြသည်၊ ပစ္စည်းများကိုကြိုတင်ပြင်ဆင်ပြီးပါကဗီလာအဆောက်အဦးများ ကိုတည်ဆောက်ရန်နာရီအနည်းငယ်မျှသာကြာသည်၊

ဦးလေးလျို၏အိမ်ရှေ့တွင်မြက်ခင်းပြင်တစ်ခုရှိပြီးမြက်ခင်းပြင်ပေါ်တွင်ပျင်းရိစွာဖြင့် လဲလျောင်းနေသောကြောင်ကြီးတစ်ကောင်ရှိသည်၊ ကြောင်ကိုဆော့ဖီလို့ခေါ်ကြောင်း ကောင်းဖန်သတိရသွားသည်၊ သူ၏ပင်ကိုစရိုက်ကလုံးဝကိုမသိမ်မွေ့လို့သနားစရာ ကောင်းလှသည်၊ တကယ်တော့သူ့မှာအနည်းငယ်ကျွဲမြီးတိုတတ်သောစိတ်နေ စိတ်ထားရှိသည်၊

သားရဲလေ့ကျင့်သူ (ဘာသာပြန်)Where stories live. Discover now