အပိုင်း၁၃၆ ဝိဉာဉ်သစ်သားနွယ်

520 96 0
                                    

[Unicode]
အပိုင်း၁၃၆ ဝိဉာဉ်သစ်သားနွယ်

“အား, ဒီလိုမျိုးလှဲနေရတာအရမ်းကိုဇိမ်ရှိတာဘဲ” ကောင်းဖန်ကသက်ပြင်းချရင်းပြော သည်၊

ချီချီ၊ ဗိုက်ပြည့်အောင်စားနေသောအစင်းလေးက သဘောတူလိုက်ရင်းလေချဉ်တက် လိုက်သည်၊

ကောင်းဖန်က ထိုပင့်ကူကောင်ကိုစိမ်းစိမ်းဝါးဝါးကြည့်လိုက်သည်၊

“ဒီနေ့ည ပင့်ကူဘာဘီကျူလုပ်စားကြစို့, လုပ်မလား?”

တာ့ဇီကသဘောတူညီမှုနှင့်အတူခေါင်းညိတ်လိုက်သည်၊

အစင်းလေးကထလိုက်ကာ သတိရှိစွာနှင့်သူ၏သခင်ကိုကြည့်လိုက်ပြီး ဖြည့်ညှင်းစွာ နှင့်သွားကာအဝေးသို့တွားသွားသွားတော့သည်၊

“ဒီဆယ်ကျော်သက်ကောင်လေးကတော့ကြည့်ရတာတကယ်ကိုဘဲ ထိပ်တန်းဘဲ,” တင်ဆက်သူကပြောကာရယ်လိုက်သည်၊ “မယှဉ်ပြိုင်ဘူး, မတိုက်ခိုက်ဘူး, ဘဝမှာ သက်တောင့်သက်သာဖြစ်ရေးကိုဘဲအာရုံစိုက်တယ်၊ ဒီလိုစရိုက်ကတော့ ကပ်ဆိုးမတိုင်ခင်ဆယ်ကျော်သက်တွေနဲ့အရမ်းတူတယ်”

“ဒါကပျင်းနေတာသက်သက်ဘဲ” စကားတွေကိုကညာမစစ်တတ်သောသွမ့်ဝူကပြော လိုက်သည်၊

တင်ဆက်သူကအံ့အားသင့်ပြီးဆို့နင့်စွာနှင့်ပြုံးလိုက်သည်၊ ဒါကမင်းအမြဲပြောနေကျ စကားဆိုရင်, ငါတို့မင်းရဲ့နောက်ထပ်အပိုင်းသစ်ကိုမြင်ရတော့မှာမဟုတ်ဘူး…

တီဗွီ၏အရှေ့တွင်တော့ဦးလေးလျိုသည် ဖလိမ်မီကိုအပြင်ထွက်ပြီးလေ့ကျင့်ခန်းလုပ်ဖို့ တိုက်တွန်းနေသည်၊ “မင်းကဝက်တစ်ကောင်လိုပျင်းလာတာဘဲ၊ မင်းဒီလိုမလုပ်ဘူး  ဆိုရင် ဖန်လေးကသူ့သားရဲတွေကိုအဆီတက်အောင်လုပ်လို့အပြစ်တင်နေလိမ့်မယ်ကွ”

ဖလိမ်မီသည်မျက်လုံးများကိုလှိမ့်လိုက်ပြီးမသိနားမလည်မှုဖြစ်နေသလိုဟန်ဆောင် လိုက်သည်၊

“အပြင်ထွက်ပြီးလေ့ကျင့်ခန်းလုပ်စမ်း!” အနက်ရောင်လိုင်းများကဦးလေးလျို၏မျက်နှာ တစ်ပြင်လုံးတွင်ပြည့်နေသည်၊ သူက ဆော်ဖီကို အဆီပိတ်နေသည့်ကြိုးကြာအား အိမ်အပြင်ဘက်ထွက်စေရန်လိုက်ဖမ်းခိုင်း လိုက်သည်၊

သားရဲလေ့ကျင့်သူ (ဘာသာပြန်)Hikayelerin yaşadığı yer. Şimdi keşfedin